ဇာတ်ကားများ ရွေးရန်

Forbidden Dream

2019ဇာတ်ကားအမှတ် 7.0/10132 မိနစ်

Forbidden Dream (2019) IMDb Rating (7.0) Old Boy, Exhuma မင်းသားကြီး Choi Min Sik နဲ့ Romantic Doctor Kim မင်းသားကြီး Han Seok Kyu တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး ရုံဝင်အရမ်းကြမ်းခဲ့တဲ့ နန်းတွင်းကားကြီးကို ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ ဒီရုပ်ရှင်က ဒီနေ့ခေတ် တောင်ကိုရီးယားနိုင်ငံရဲ့ ဝမ်တစ်သောင်းတန် ငွေစက္ကူပေါ်မှာ ဂုဏ်ပြုဖော်ပြထားတဲ့ ဘုရင်ဆယ်ဂျုန်းရဲ့ အထုပ္ပတ္တိလို့ပြောမယ်ဆိုရင် မှားမယ်မထင်ပါဘူး... ကိုရီးယားတွေက ဘုရင်ဆယ်ဂျုန်းအုပ်ချုပ်စဉ်ကာလကို ရွှေခေတ်လို့သတ်မှတ်ကြပြီး ဆိုးလ်မြို့လယ်မှာလည်း သူ့ရဲ့ ကြီးမားလှတဲ့ရုပ်တုကြီးကို တွေ့မြင်နိုင်ပါတယ်။ ခုနှစ်သက္ကရာဇ် ၁၄၀၀ ကျော်တုန်းက ဂျိုဆွန်းပြည်ဟာ လက်ရှိတရုတ်နိုင်ငံဖြစ်တဲ့ မင်တိုင်းပြည်ရဲ့ လက်အောက်ခံတိုင်းပြည်တစ်ခုသာ ဖြစ်ခဲ့ပါတယ်။ လက်အောက်ခံတိုင်းပြည်ဖြစ်တဲ့အလျောက် စာပေအရေးအသား၊ နေ့ရက်၊ အချိန်... ပြက္ခဒိန်တွေအားလုံးကို မင်နိုင်ငံသတ်မှတ်တဲ့စံနှုန်းအတိုင်း လိုက်နာရတဲ့အတွက် မင်တိုင်းပြည်ထက် တစ်နာရီစောနေတဲ့ ဂျိုဆွန်းဟာ စိုက်ပျိုးရေး၊ အချိန်အခါ၊ ရာသီ... စတာတွေနဲ့ မကိုက်ညီဘဲ တောင်သူလယ်သမားတွေကအစ အခက်တွေ့နေရပါတယ်... အဲဒီအချိန်မှာ ပြည်သူပြည်သားတွေအတွက် တကယ်စဉ်းစားတွေးခေါ်ပေးတတ်ပြီး မျှတတဲ့ ဘုရင်ဆယ်ဂျုန်းဟာ မင်တိုင်းပြည်ရဲ့ကန့်သတ်မှုတွေကို လွန်ဆန်ပြီး သူ့အိပ်မက်အတိုင်း အထက်တန်းလွှာ၊ အရပ်သားရယ်လို့ ကွဲပြားမှုမရှိ သာတူညီမျှဖြစ်ကာ ဘယ်တိုင်းပြည်ရဲ့ လက်အောက်ခံမှမဟုတ်ဘဲ ဂျိုဆွန်းပြည်တစ်ခုတည်း ထီးထီးရပ်တည်နိုင်ဖို့ ဆန္ဒပြင်းပြနေခဲ့ပါတယ်။ တစ်နေ့တော့ မင်တိုင်းပြည်က ရေနာရီနဲ့ပတ်သက်တဲ့ စာအုပ်ကို သယ်ဆောင်လာခိုင်းခဲ့ပြီး အဲဒီကနေ အစပြုကာ ကိရိယာပေါင်းစုံအကြောင်း သိနားလည်တဲ့ သာမန်အစေခံအဆင့် ဂျန်ယောင်းရှီးလ်နဲ့ သိကျွမ်းခဲ့ပါတယ်။ ဘုရင်ဆယ်ဂျုန်းက ဂျန်ယောင်းရှီးလ်ရဲ့ အရည်အချင်းကို အလွန်သဘောကျပြီး ရာထူးအပ်နှင်းကာ နန်းတွင်းအရာရှိမင်းအဖြစ် ပစားပေးခဲ့ပါတယ်... ဒီရုပ်ရှင်မှာ ရှေးခေတ်ဖြစ်ပေမဲ့ တွေးခေါ်မှုတွေ အရမ်းရှေ့ပြေးပြီး မဆုတ်မနစ်ကြိုးစားတတ်တဲ့ ဘုရင်ဆယ်ဂျုန်းဟာ သူ့အိပ်မက်ဖြစ်မြောက်လာဖို့အတွက် ဂျန်ယောင်းရှီးလ်နဲ့အတူ ဘယ်လိုတွေ ကြိုးစားလုပ်ဆောင်ကြတယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာ ဖြစ်ပါတယ်... ယနေ့ခေတ် ကိုရီးယားဒရာမာတွေထဲက တိုးတက်တဲ့ တောင်ကိုရီးယားဆိုတာဖြစ်လာဖို့ ရှေးခေတ်ကလူတွေ ဘယ်လောက်အပင်ပန်းခံခဲ့ကြတယ်ဆိုတာကို ဒီရုပ်ရှင်နဲ့အတူ စီးမြောကြည့်လိုက်ရအောင်လား... File Size : 2.23GB/ 930MB Quality : NF WEB-DL 1080p 5.1 CH/ 720p Format : mp4 Duration : 2hr 14m Genre : Historical, Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း