ဇာတ်ကားများ ရွေးရန်

Batter's Box

2025ဇာတ်ကားအမှတ် 5.4/1084 မိနစ်

Batter's Box (2025) IMDb Rating (5.4) ဒီဇာတ်ကားက "The Blind Side" ဒါမှမဟုတ် "King Richard" လိုမျိုး အားကစားကို အခြေခံပြီး ဘဝအတွက် ခွန်အားရစေမယ့် ဇာတ်လမ်းမျိုးတွေကို ကြိုက်နှစ်သက်သူတွေအတွက် အကိုက်ညီဆုံးပါပဲ။ ဘေ့စ်ဘော (Baseball) အားကစားကို အခြေခံပြီး ဖခင်နဲ့သားကြားက သံယောဇဉ်နဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ပုံကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ ဘေ့စ်ဘောလောကမှာ အောင်မြင်ချင်ကြတဲ့ ဖခင်နဲ့သား နှစ်ဦးရဲ့ အားထုတ်မှုကို အဓိကထား ရိုက်ကူးထားပါတယ်။ ဖခင်ဖြစ်သူကတော့ နာမည်ကြီး နည်းပြတစ်ယောက် ဖြစ်ချင်သူဖြစ်ပြီး၊ သားဖြစ်သူကတော့ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ချက်အပြည့် ရှိနေသူပါ။ ဒါပေမဲ့ သူတို့ရဲ့ လမ်းခရီးမှာ အကျင့်ပျက်ခြစားနေတဲ့ အားကစားအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ ကျောင်းအုပ်ချုပ်ရေးပိုင်းက လူတွေရဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်ရပါတယ်။ အခွင့်အရေးကို အလွဲသုံးစားလုပ်ပြီး သူတို့ရဲ့ အိပ်မက်တွေကို ဖျက်စီးဖို့ ကြိုးစားနေတဲ့ကြားကနေ ဖခင်နဲ့သားဟာ ဘဝရဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုဇွဲနဲ့ ရုန်းကန်ပြီး ပန်းတိုင်ရောက်အောင် သွားမလဲဆိုတာကို စိတ်အားတက်ကြွဖွယ် မြင်တွေ့ရမဲ့ကားလေးဖြစ်ပါတယ်။ File size… (1 GB) / (610 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Family Duration…. 01:45:10 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း