ဇာတ်ကားများ ရွေးရန်

Without a Doubt

2025ဇာတ်ကားအမှတ် 4.8/10111 မိနစ်

Without a Doubt (2025) IMDb Rating (4.8) ဒီကားကတော့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး လူတစ်ယောက်ရဲ့ ယုံကြည်ခြင်းနဲ့ မိခင်မေတ္တာက ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာကို ပြထားတဲ့ စိတ်ဓာတ်ကျနေသူတွေ ဒါမှမဟုတ် ဘဝမှာ အခက်အခဲကြီးကြီးမားမား ရင်ဆိုင်နေရသူတွေအတွက် အင်အားရစေမယ့် Faith-based Drama ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းကတော့ ငယ်ရွယ်တဲ့ ဇနီးသည်တစ်ဦးဖြစ်သလို မိခင်တစ်ဦးလည်းဖြစ်တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပါ။ သူမဟာ ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်ထားရတာ ၂ လပဲ ရှိသေးချိန်မှာ အလွန်ဆိုးရွားပြီး ကုသရခက်ခဲတဲ့ ရင်သားကင်ဆာ အဆင့် ၄ ဖြစ်နေတယ်ဆိုတာကို သိလိုက်ရပါတယ်။ ဆရာဝန်တွေနဲ့ ပတ်ဝန်းကျင်က သူမရဲ့ အသက်ရှင်ဖို့အတွက် ကိုယ်ဝန်ကို ဖျက်ချဖို့ တိုက်တွန်းကြပေမဲ့၊ သူမကတော့ ဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်ပြီး သူရဲ့ရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘယ်လိုအခက်အခဲတွေ၊ ဝေဒနာတွေ ကြုံရပါစေ ယုံကြည်ခြင်းရဲ့ အစွမ်းနဲ့ အခွင့်အရေး နည်းပါးတဲ့ ကြားကနေ ဘယ်လိုမျိုး အသက်စွန့်တိုက်ပွဲဝင်သွားမလဲဆိုတာကို ရိုက်ပြထားတဲ့ ဒရမ်မာကားကောင်းလေးပါ။ File size… (1.6 GB) / (1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:53:20 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း