ဇာတ်ကားများ ရွေးရန်

Arhat Rock Of War

2025ဇာတ်ကားအမှတ် 5.0/10

၅ရာစုအလယ်ပိုင်းခေတ်က ဘုရင်တစ်ပါးဖြစ်ခဲ့တဲ့ စစ်သူကြီးချန်ပါ့ရှန်းရဲ့သမိုင်းကိုအခြေခံပြီးချန်ပါ့ရှန်းရဲ့ ဘဝခရီးကြမ်းပုံကို ရိုက်ကူးထားတဲ့ သိုင်းကားပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့လျန်မင်းဆက်နှောင်းပိုင်းမှာ တိုင်းပြည်ကြီးဟာအတွင်းပဋိပက္ခတွေနဲ့ပြည့်နေပြီး ပြိုလဲလုနီးပါးဖြစ်နေပါတယ်။ စစ်သူကြီးချန်ပါ့ရှန်းဟာ တိုင်းပြည်ရဲ့ထောက်တိုင်အဖြစ်ရပ်တည်ပြီး အင်ပါယာကြီးပြိုကွဲမသွားအောင် အစွမ်းကုန်ကာကွယ်စောင့်ရှောက်ပေးနေခဲ့ပါတယ် ဒါပေမယ့် နန်းတွင်းထဲကလူယုတ်မာတွေနဲ့ အာဏာမက်သူတွေက ချန်ပါ့ရှန်းရဲ့အရှိန်အဝါကိုမနာလိုမုန်းထားပြီး သူ့ကိုနည်းမျိုးစုံနဲ့နှိပ်ကွပ်ဖို့ကြံစည်လာကြပါတယ် အဆိုးဆုံးကတော့ သူယုံကြည်ရတဲ့လက်ရုံးတပည့်ကပါ သစ္စာဖောက်ပြီး ရန်သူနဲ့ပူးပေါင်းသွားတဲ့အခါမှာတော့ ချန်ပါ့ရှန်းဟာ အသက်အန္တရာယ်နဲ့ရင်ဆိုင်လာရပါတယ် ရန်သူတွေဝိုင်းနေတဲ့အခိုက်အတံ့မှာ သူ့အသက်ဘေးကလွတ်မြောက်ဖို့အတွက် အချစ်ဆုံးသူငယ်ချင်းတွေ မိသားစုဝင်တွေက စတေးသွားကြပါတယ် ချန်ပါ့ရှန်းဟာ ချစ်ရသူတွေရဲ့အလောင်းတွေကို ကျော်ဖြတ်ပြီး နာကျင်မှုတွေနဲ့ အတူ သေဘေးကနေ သီသီလေးလွတ်လာခဲ့ရပါတယ်။ ဒီလိုနဲ့ သူဟာစိတ်ဓာတ်တွေကျပြီး လောကနဲ့ဝေးကွာရာ တိတ်ဆိတ်တဲ့နေရာဖြစ်တဲ့ လောဟန့်ကျောက်ဆောင်ကိုရောက်သွားပြီး အားအင်တွေပြန်ရကာ စစ်သည်အင်အားပြန်စုဆောင်းပြီး တန်ပြန်တိုက်ခိုက်မယ့်ဇာတ်လမ်းပဲဖြစ်ပါတယ် Filesize : 1.57 GB / 880 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama , Action Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း