ဇာတ်ကားများ ရွေးရန်

Africa Blanca

2025ဇာတ်ကားအမှတ် 6.6/10109 မိနစ်

Africa Blanca (2025) အူစမန်ဆိုတဲ့ အာဖရိကန်လူငယ်လေးတစ်ယောက်ဟာ အာဖရိကန်လူမျိုးစစ်ပေမယ့် မွေးလာကတည်းက ထူးဆန်းတဲ့အရေပြားအခြေအနေတစ်ခုနဲ့မွေးလာရပြီး တစ်ကိုယ်လုံးဟာ အာဖရိကန်လို့မထင်ရအောင် ဖြူဖွေးနေတဲ့ အသားအရေဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင်အူစမန်တို့နေတဲ့နားမှာလည်း အဲဒီလို တမူထူးခြားတဲ့သူတွေကို နတ်တွေဆီယဇ်ပူဇော်လေ့ရှိတဲ့ အစွန်းရောက်ဂိုဏ်းကွဲတစ်ခုကလည်းရှိနေတာပါ။ ဒါကြောင့်မလို့ အူစမန်ဟာအမြဲတမ်းပုန်းနေရပြီး ဘယ်တော့မှလူတောတိုးခွင့်မရပါဘူး။ ဒါပေမဲ့ တစ်နေ့ အူစမန်အရွယ်ရောက်တဲ့အခါမှာ အမေဖြစ်သူစကားနားမထောင်ဘဲ မြို့ပြင်ထွက်မိတဲ့အချိန် အစွန်းရောက်တွေဟာ သူမြို့ထဲမှာနေနေမှန်း သိသွားတဲ့အခါ အူစမန်ကိုလိုက်ဖမ်းဖို့ကြိုးစားပါတော့တယ်။ သားဖြစ်သူ မွေးလာကတည်းက ချို့ယွင်းချက်ကြောင့် မျက်စိဒေါက်ထောက်နေခဲ့တဲ့ မိခင်ဖြစ်သူဟာ ဒီအကြောင်းကို သိသွားတဲ့အခါမှာတော့ သားအမိနှစ်ယောက် ရွာထဲကနေထွက်ပြေးပြီး မွေးရပ်မြေကို အပြီးအပိုင်စွန့်ခွာကွာ ရပ်မြေခြားနေရာတစ်ခုကို ထွက်ခွာဖို့ဖြစ်လာပါတော့တယ်။ File size… (1.6 GB) / (760 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:50:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း