ဇာတ်ကားများ ရွေးရန်

Special Detection

2026ဇာတ်ကားအမှတ် 5.0/10

Sci-fi Mystery အမျိုးအစား အတွေးအခေါ်အသစ်အဆန်းလေးတွေနဲ့ ဇာတ်ကားလေးပါ။အနာဂတ်ကမ္ဘာမှာ ကမ္ဘာတစ်ဝှမ်းထူးခြားဖြစ်ရပ်တွေကိုဖြေရှင်းတဲ့ SEP ဗဟိုဌာနဟာ ဂူတစ်ခုထဲကနေထွက်လာတဲ့ ပုံမှန်မဟုတ်တဲ့ အချက်ပြလှိုင်းတစ်ခုကို ဖမ်းမိခဲ့ပါတယ်။ ဒီလှိုင်းရဲ့အရင်းအမြစ်ကိုရှာဖွေဖို့အတွက် အထူးတပ်ဖွဲ့(၉)ကိုတာဝန်ပေးအပ်လိုက်ပါတယ်။ အထူးတပ်ဖွဲ့လေးဟာ ဂူနက်ကြီးထဲကို အတွင်းထဲထိဝင်ရောက်သွားတဲ့အချိန်မှာတော့ ဒဏ္ဍာရီထဲကတစ်ခြားကမ္ဘာတစ်ခုလို မြို့ဟောင်းလေးတစ်ခုကိုရောက်သွားခဲ့ပါတယ်။ ထူးဆန်းနေတာကတော့ ဒီမြို့လေးမှာ သက်ရှိသတ္တဝါတစ်ကောင်တစ်လေမှမရှိပဲ အရာအားလုံးအသက်မဲ့နေတာပါပဲ အဲဒါထပ်ပိုပြီးမထင်မှတ်ထားတာကတော့ သူ့တို့တပ်ဖွဲ့နဲ့တစ်ပုံစံထဲတူတဲ့ နောက်ထပ်တစ်ဖွဲ့ရှိနေတာပါပဲ။ ဘယ်သူအစစ် ဘယ်သူကအတုလဲဆိုတာ ခွဲခြားမရတဲ့အခြေအနေမှာ အဖွဲ့ဝင်တွေကြားမှာ သံသယတွေကြီးထွားလာပြီး တိုက်ခိုက်လာကြပါတယ်။ နောက်ပြန်လှည့်ရမယ့်လမ်းကပျောက်သွားသလို စားနပ်ရိက္ခာတွေပါ ကုန်တော့မယ့် အခြေအနေကိုရောက်လာတဲ့အခါ သူတို့လွတ်မြောက်ဖို့အတွက် အချက်ပြလှိုင်းရှိရာနေရာကိုရှားဖို့ကပဲ တစ်ခုထဲသောမျှော်လင့်ချက်ဖြစ်လာခဲ့ပါတယ် ဒါပေမယ့် သူတို့ကိုစောင့်ကြိုနေတာကတော့ သေခြင်းတရားထပ်ပိုပြီးကြောက်စရာကောင်းတဲ့ အမှန်တရားတစ်ခုပဲဖြစ်နေပါတယ် Filesize : 1.99 GB / 1.04 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Science Fiction, Adventure, and Mystery Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း