ဇာတ်ကားများ ရွေးရန်

Dragon Heart: Adventures Beyond This World

2025ဇာတ်ကား119 မိနစ်

Dragon Heart: Adventures Beyond This World (2025) စိတ်ကူးယဉ်စွန့်စားခန်း Anime ဇာတ်ကားသစ်လေး ထွက်ရှိလာတာကြောင့် Anime ချစ်သူများအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ Ryusuke ဆိုတာက တောင်တန်းတွေကို ချစ်မြတ်နိုးတဲ့ တိုကျိုက အထက်တန်းကျောင်းသားလေးတစ်ဦးပါ။ နွေပိတ်ရက်မှာ ဘော်ဒါတွေနဲ့ စခန်းချခရီးထွက်ဖို့ စီစဉ်ထားပေမဲ့ တစ်ယောက်တစ်ပေါက်နဲ့ ခရီးစဉ်ပျက်သွားလို့ ဘူနေတာပေါ့။ အဲဒီမှာတင် သူ့အမေ အကူအညီကြောင့် Tokushima သဘာဝမြို့လေးက အဒေါ်ဖြစ်သူဆီ အလည်သွားဖို့ ဖြစ်လာခဲ့ပါတယ်။ တောတောင်သဘာဝတွေ နတ်ကွန်းတွေ ပေါများလှတဲ့ Tokushima မြို့လေးကို ဝမ်းကွဲ ညီမဖြစ်သူ Tomomi နဲ့ လျှောက်လည်ရင်း နှစ်ယောက်သား မြစ်ရေစီးကြောင်းထဲ မျောပါသွားခဲ့ရာကနေ ထူးဆန်းစွာနဲ့ နဂါးတစ်ကောင်က ကယ်ဆယ်ခြင်းကို ခံလိုက်ရပါတယ်။ နောက်တော့ ထူးခြားဆန်းကျယ်တဲ့ အဘိုးအိုတစ်ဦးဆီ ရောက်သွားပြီး "မင်းတို့နှစ်ယောက်က သေဆုံးသွားခဲ့ပြီ ဒါပေမဲ့ တမလွန်ဘဝကို စူးစမ်းလေ့လာပြီး မင်းတို့ဘဝရဲ့ ရည်ရွယ်ချက်ကို ရှာဖွေတွေ့ရှိမယ်ဆို အသက်ပြန်ရှင်လာနိုင်မယ်" လို့ ပြောဆိုခဲ့တာကြောင့် Ryusuke နဲ့ Tomomi တို့ မောင်နှမနှစ်ယောက် လျှို့ဝှက်ဆန်းကြယ်မှုတွေ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒီသက်ရှိကမ္ဘာအလွန်က တမလွန်ခရီးစဉ်ကို စွန့်စားခန်းထွက်ဖို့ ဖြစ်လာပါတော့တယ်။ သူတို့ဘဝရဲ့ ရည်ရွယ်ချက်တွေကို ရှာဖွေတွေ့ရှိပြီး ဒီဖက်သက်ရှိကမ္ဘာကို ပြန်လာနိုင်မလားဆိုတာတော့ ဖန်သားပြင်ပေါ် ဆက်လက်ရှုစားကြည့်ကြပါဦး..။

ဇာတ်လမ်းအကြောင်း