ဇာတ်ကားများ ရွေးရန်

Achilles Curse and the Curse of Treasure

2024ဇာတ်ကား125 မိနစ်

ဒီကားလေးထဲက ကမ္ဘာကြီးမှာတော့ ဖျားနာမှုမရှိဘဲ နှစ်ထောင်နဲ့ချီ အသက်ရှည်နိုင်ပြီး ဘယ်လိုဒဏ်ရာမျိုးပဲဖြစ်ဖြစ် အဓိကနေရာကို မထိမချင်း မသေနိုင်ပါဘူး.... ဒါပေမဲ့ ထူးဆန်းစွာပဲ အဲဒီ သေစေနိုင်တဲ့အဓိကနေရာကို ဘယ်သူကမှမသိနိုင်ပါဘူး.... "လုခ်" ဟာ မွေးကတည်းက တခြားသူရဲ့ သေ​စေနိုင်တဲ့အဓိကနေရာကို မြင်နိုင်စွမ်းရှိတဲ့ စုံထောက်တစ်ယောက်ဖြစ်ပါတယ်.... တနေ့မှာ သူငယ်ချင်းအရင်းရဲ့စေ့စပ်သူမွေးနေ့ပွဲကို တက်ရောက်ဖို့ " လုခ်" ဖိတ်ကြားခံခဲ့ရပါတယ်.... မွေးနေ့ပွဲမှာ ကျိန်စာသင့်​​နေတဲ့ရတနာပစ္စည်းတစ်ခု ဖွင့်ပြဖို့အစီအစဥ်ရှိပြီး ပြသနေတုန်း လူဆိုးအဖွဲ့အစည်းတစ်ခုကနေ ရတနာသေတ္တာကို လုယက်သွားပါတော့တယ်.... လူဆိုးဂိုဏ်းအချင်းချင်း သစ္စာဖောက်မှုတွေဖြစ်ခဲ့ကြပြီး လုယက်မှုနဲ့ချိတ်ဆက်နေတဲ့ လူသတ်မှုတစ်ခုပါ ဖြစ်လာခဲ့ပါတယ်.... "လုခ်"က ဒီအမှုကို စုံစမ်းစစ်ဆေးဖို့တာဝန်ကျလာတဲ့အချိန်.... တစ်ဖက်မှာလည်း " ဆိုင်ရင် "ဆိုတဲ့မိန်းကလေးဟာ သူ့အမေပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ဒီလူဆိုးအဖွဲ့အစည်းအကြောင်းစုံစမ်းနေတာပါ.... ရည်ရွယ်ချက်ချင်းတူနေတဲ့ သူတို့နှစ်ယောက် ဘယ်လိုပူးပေါင်းပြီး အမှုကိုဖော်ထုတ်သွားမလဲ.... တရားခံကရော သူတို့ထင်ထားတဲ့ လူဆိုးအဖွဲ့အစည်းကလား ဒါမှမဟုတ် သူတို့မထင်မှတ်ထားတဲ့ ရင်းနှီးတဲ့လူတွေထဲက ဖြစ်မလားဆိုတာ..... စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါရှင့်....

ဇာတ်လမ်းအကြောင်း