Sniper: The White Raven
၂၀၁၄ ခုနှစ် ရုရှားတပ်တွေ ကျူးကျော်လာချိန်မှာ မိုင်ကိုလာ ဗော်ရိုနမ်ကိုတို့ လင်မယားဟာ Donbass ဒေသရဲ့ ကျေးလက်တစ်နေရာမှာ အခြေချနေထိုင်ကြပါတယ်။ မိုင်ကိုလာက ဒေသခံကျောင်းတစ်ကျောင်းမှာ ရူပဗေဒသင်ပေးတဲ့ ဆရာတစ်ယောက်ဖြစ်ပြီး ရူပဗေဒ၊ သင်္ချာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘွဲ့သုံးခု ရထားသူပါ။ သူတို့လင်မယားနှစ်ယောက်စလုံးက စစ်ပွဲကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးကို လိုလားကြတယ်။ ဒါပေမယ့် ရုရှားတပ်တွေ ဝင်လာတဲ့နေ့မှာ ကိုယ်ဝန်ရှိနေတဲ့ သူ့ဇနီးကို သူလျှိုလို့ စွပ်စွဲပြီး ပစ်သတ်သွားကြသလို သူတို့အိမ်ကိုလည်း မီးရှို့သွားကြပါတယ်။ အဲဒီအဖြစ်အပျက်နောက်မှာ မိုင်ကိုလာဟာ ယူကရိန်းလွတ်မြောက်ရေးစစ်တပ်ထဲ ဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ငြိမ်းချမ်းရေးကို လိုလားခဲ့တဲ့ ကျောင်းဆရာတစ်ယောက်ကနေ စနိုက်ပါတစ်ယောက်ဖြစ်လာပြီး ကျူးကျော်သူတွေကို တိုက်ထုတ်ဖို့နဲ့ ဇနီးအတွက် လက်စားချေဖို့ ကြိုးစားလာပါတယ်။ သူ့ရဲ့တိုက်ပွဲတွေနဲ့အတူ လက်ဖြောင့်တပ်သားတစ်ယောက် ပစ်မှတ်ကို ချိန်ရွယ်ရာမှာ တွက်ချက်ရပုံ၊ စိတ်ရှည်ရှည် စောင့်ဆိုင်းရပုံနဲ့ အသုံးပြုရတဲ့ နည်းစနစ်တွေကိုလည်း ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း