ဇာတ်ကားများ ရွေးရန်

Number One

2026ဇာတ်ကားအမှတ် 6.5/10105 မိနစ်

Number One (2026) IMDb Rating (6.5) စောင့်မျှော်ပြီးရင်း စောင့်မျှော်နေခဲ့ရတဲ့ မင်းသား Choi Woo-shik ရဲ့ ရုံတင်ဇာတ်ကားသစ်ကြီးကတော့ ထွက်ရှိလာပြီပဲ ဖြစ်ပါတယ်။ Parasite မှာ သားအမိအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Choi Woo-shik နဲ့ မင်းသမီးကြီး Jang Hye-Jin တို့ကို ဒီထဲမှာလည်း သားအမိအဖြစ် ပြန်လည် မြင်တွေ့ရမှာဖြစ်ပြီး မင်းသမီး Gong Seung-Yeon ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - အသက် ၁၈ နှစ်အရွယ်မှာ အဓိပ္ပာယ်မဖော်နိုင်တဲ့ နံပါတ်ကို စတင် မြင်တွေ့လာရတဲ့ ဂျောင်ဟာမင်း (Choi Woo-shik)... ထူးဆန်းတာကတော့ အဲဒီနံပါတ်က သူ့အမေချက်ကျွေးတဲ့ ထမင်းဟင်းတွေကို စားတဲ့အခါတိုင်းမှာ ပေါ်လာတတ်ပြီး တစ်နပ်စားလိုက်တိုင်း အဲဒီနံပါတ်က တစ်လုံးစီ လျော့သွားနေတာပါပဲ။ တစ်နေ့မှာ ဆုံးပါးသွားတဲ့ အဖေဖြစ်သူရဲ့ အိပ်မက်ပေးချက်အရ အဲဒီနံပါတ်က သုညဖြစ်သွားရင် အမေ သေမယ်ဆိုတဲ့ အကြောင်းကို ဟာမင်း သိလိုက်ရတဲ့အခါ အမေ့ကို ကာကွယ်ဖို့အတွက် ဆင်ခြေမျိုးစုံပေးပြီး အိမ်ထမင်းဟင်း မစားဖို့ ရှောင်ဖယ်နေပါတော့တယ်... တကယ်ပဲ အမေ့ကို ဆုံးရှုံးရမှာ ကြောက်တာနဲ့ အမေ ချက်ကျွေးတဲ့ ထမင်းကို မစားဘဲ ရှောင်နေတာက အဖြေကောင်းဖြစ်ပါ့မလား... ကိုယ်သာ ဟာမင်းနေရာမှာဆိုရင်ရော ဘာကို ရွေးချယ်မိမှာလဲ... နေ့တိုင်း အမေချက်ကျွေးနေတဲ့ ထမင်းတစ်နပ်ရဲ့ တန်ဖိုးက ဘယ်လောက်တောင် အရေးပါသလဲဆိုတာကို ပြန်လည်တွေးတောမိစေမဲ့ ရုပ်ရှင်ကောင်းလေးမို့လို့ အခုပဲ ကြည့်လိုက်ကြတော့နော်။ File Size : 1.00GB/ 520MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 45m Genre : Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း