ဇာတ်ကားများ ရွေးရန်

Street Flow 3

2026ဇာတ်ကားအမှတ် 5.3/10112 မိနစ်

Street Flow 3 (2026) IMDb Rating (5.1) Netflix ရဲ့ နာမည်ကြီး ပြင်သစ် Crime-Drama Trilogy ရဲ့ အဆုံးသတ်ဇာတ်ကားပါ။ အရင်နှစ်ကားစလုံးကို ကြည့်ဖူးထားတဲ့သူတွေအတွက်တော့ ဒီညီအစ်ကိုတွေ ဘယ်လိုအဆုံးသတ်မလဲဆိုတာ မသိမဖြစ် ကြည့်သင့်ပါတယ်။ ပြင်သစ်ရဲ့ နာမည်ကြီး Rap အဆိုတော် Kery James ကိုယ်တိုင် ဒါရိုက်တာ၊ ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်အဖြစ် ပါဝင်ထားလို့ဇာတ်ကားရဲ့ အရှိန်အဟုန်က တော်တော်လေး ကောင်းပါတယ်။ ဒီဇာတ်ကားဟာ Traoré ညီအစ်ကိုတွေဖြစ်တဲ့ Demba, Soulaymaan နဲ့ Noumouké တို့ရဲ့ ဇာတ်လမ်းကို အဆုံးသတ်ပေးမှာပါ။ ညီအစ်ကို သုံးယောက်စလုံးဟာ သူတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းတွေပေါ်မှာ အောင်မြင်မှုတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ Noumouké (ညီအငယ်ဆုံး): သူကတော့ ဂီတလောကမှာ အောင်မြင်ဖို့ ကြိုးစားနေပေမဲ့ လမ်းဘေးက မကောင်းတဲ့ ပတ်ဝန်းကျင်ရဲ့ ဆွဲဆောင်မှုတွေက သူ့ကို လမ်းမှားရောက်အောင် ပြန်ပြန်တွန်းပို့နေပါတယ်။ Demba (အစ်ကိုအကြီးဆုံး): အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး ဘဝသစ်တစ်ခု တည်ဆောက်ဖို့ ကြိုးစားနေပေမဲ့ သူ့ရဲ့ အရင်က လုပ်ရပ်တွေက သူ့နောက်ကို အရိပ်လို ပြန်လိုက်နေပါတယ်။ Soulaymaan (ညီအလတ်): သူကတော့ အောင်မြင်တဲ့ ရှေ့နေတစ်ယောက် ဖြစ်လာသလို၊ မြို့တော်စည်ပင်ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ သူ့ရဲ့ရပ်ကွက်နဲ့ မိသားစုကြား ဘယ်လိုရပ်တည်မလဲဆိုတာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပါတယ်။ Traoré ညီအစ်ကို သုံးယောက်ရဲ့ ဘဝဖြတ်သန်းမှုနဲ့ ရွေးချယ်မှုတွေကို ပီပြင်စွာ ရိုက်ပြထားတဲ့ ပြင်သစ်ကားကောင်းလေးဖြစ်ပါတယ်။ File size… (1.8 GB) / (1.1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:52:17 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း