ဇာတ်ကားများ ရွေးရန်

Don't Call Me Mama

2025ဇာတ်ကားအမှတ် 6.5/10108 မိနစ်

Don't Call Me Mama (2025) IMDb Rating (6.2) အိမ်ထောင်ရှိ မြို့တော်ဝန်ဇနီး ဆရာမနဲ့ ကျောင်းသားတို့ဖောက်ပြန်ကြတဲ့ စိတ်ဝင်စားစရာ Psychological Drama နော်ဝေရုပ်ရှင်ကားလေးပါ။ နော်ဝေ နာမည်ကြီးဒါရိုက်တာ Nina Knag ရဲ့ လက်ရာဖြစ်လို့ ဇာတ်အိမ်ခိုင်မာပြီး ဇာတ်ညွှန်းပိုင်းကလည်း အတော်လေးကို ကောင်းမွန်ပါတယ်။ ဇာတ်လမ်းကတော့ မြို့တော်ဝန်တစ်ယောက်နဲ့ အိမ်ထောင်ကျထားတဲ့ အထက်တန်းကျောင်းဆရာမ Pia Tjelta အကြောင်းပါ။ သူမဟာ အပြင်ပန်းကြည့်ရင်တော့ အောင်မြင်ပြီး ပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်ထားသူဆိုပေမဲ့ အိမ်ထောင်ရေးမသာယာမှုတွေကြောင့် အခက်ခဲတွေရှိနေကြတယ်။ ဒါပေမဲ့ သူမဟာ နေထိုင်ခိုလှုံခွင့်တောင်းခံထားတဲ့ လူငယ်လေးတစ်ယောက်နဲ့ အန္တရာယ်ရှိတဲ့ အချစ်ဇာတ်လမ်းတစ်ခု စတင်ခဲ့မိပါတယ်။ ဒီဆက်ဆံရေးဟာ ရမက်ပြင်းပြင်း အာဏာရှိသူနဲ့ အားကိုးရာမဲ့သူ၊ အခွင့်ထူးခံနိုင်သူနဲ့ ဒုက္ခသည်တို့ကြားက ရှုပ်ထွေးတဲ့ အားပြိုင်မှုတွေကို ဖော်ပြနေတယ်။ သူတို့ရဲ့ လျှို့ဝှက်ချက်က တဖြည်းဖြည်း ပေါ်ပေါက်လာတဲ့အခါမှာတော့ သူမရဲ့ အိမ်ထောင်ရေးတင်မကဘဲ မြို့တော်ဝန်ခင်ပွန်းရဲ့ ရာထူးနဲ့ ဂုဏ်သိက္ခာတွေပါ ထိခိုက်လာပြီး နောက်ဆုံးမှာတော့ မထင်မှတ်ထားတဲ့ဘယ်လိုအရာတွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရမယ့် ကားလေးပါ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (1.3 GB) / (860 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration…. 01:46:12 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း