In the Heat of the Sun
In the Heat of the Sun (1995) IMDb Rating (8.0) / Rotten Tomatoes (96%) တရုတ်ရုပ်ရှင်လောကရဲ့ ဂန္ထဝင်မြောက်တဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ အကောင်းဆုံး တရုတ်ရုပ်ရှင်စာရင်းဝင် ဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ Jiang Wen က နိုင်ငံရေးနောက်ခံကို တိုက်ရိုက်မပြဘဲ လူငယ်တွေရဲ့ ရှုထောင့်ကနေ နူးညံ့စွာ တင်ဆက်သွားတာက တကယ့်ကိုသဘောကျဖို့ ကောင်းပါတယ်။ ဇာတ်လမ်းကတော့ ၁၉၇၀ ပြည့်လွန်နှစ်များ၊ တရုတ်နိုင်ငံရဲ့ Cultural Revolution (ယဉ်ကျေးမှုတော်လှန်ရေး) ကာလအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။ ဥက္ကဌကြီးမော်စီတုန်း နိုင်ငံကို ဦးဆောင်ပြီး တံခါးပိတ်ဝါဒါကျင့်သုံးနေတဲ့အချိန်ပေါ့။ လူကြီးတွေက တော်လှန်ရေးအလုပ်တွေနဲ့ အလုပ်ရှုပ်နေကြချိန်မှာ ပေကျင်းမြို့က ဆယ်ကျော်သက် လူငယ်တစ်စုဟာ ကျောင်းပိတ်ရက်ရှည်ကြီးမှာ လွတ်လပ်စွာ ဆော့ကစားရင်း အချိန်ကုန်နေကြပါတယ်။ ဇာတ်လိုက်ကျော် Ma Xiaojun ဟာ သော့တုလုပ်တတ်တဲ့ ပညာနဲ့ သူများအိမ်တွေကို ခိုးဝင်လေ့ရှိပြီး တစ်နေ့မှာတော့ အိမ်တစ်အိမ်ထဲမှာ အရမ်းလှတဲ့မိန်းကလေးတစ်ယောက်ရဲ့ ဓာတ်ပုံကိုတွေ့သွားရာကနေ သူမအပေါ် စွဲလန်းသွားပါတော့တယ်။ ပူပြင်းတဲ့ နွေရာသီ နေရောင်အောက်မှာ သူငယ်ချင်းတွေကြားက ခိုင်မာတဲ့ သံယောဇဉ်၊ ပထမဆုံး အချစ်နဲ့စတင်ထိတွေ့မိတဲ့ စိတ်လှုပ်ရှားမှုနဲ့ရင်ခုန်သံတွေလူပျိုဖော်ဝင်စမှာ ကြုံတွေ့ရတဲ့ စိတ်ကူးယဉ်မှုတွေကို ရုပ်ရှင်ထဲမှာ အနုပညာမြောက်အောင် ရိုက်ပြထားပါတယ်။ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ နာမည်ကျော်ဝတ္ထုတစ်အုပ်ဖြစ်တဲ့ "နွေကန္တာဦး" နဲ့ တော်တော်လေး ဆင်တူပြီး ကိုကိုမောင် ဇာတ်ကောင်ရဲ့ ပထမဆုံးအချစ်ဦးအပေါ် စွဲလန်းမှု၊ စိတ်ကူးယဉ်မှုတွေက ဒီရုပ်ရှင်ထဲက မင်းသား Ma Xiaojun ရဲ့ ခံစားချက်နဲ့ အရမ်းတူပါတယ်။ ပေကျင်းမြို့ကြီးရဲ့ ပူပြင်းတဲ့ နေရောင်အောက်က လွတ်လပ်တဲ့ လူပျိုဖော်ဝင်စ အမှတ်တရများလို့ခေါင်းစဉ်တပ်ရမယ့်ကားမျိုးဖြစ်ပြီး ဇာတ်ကားတစ်ကားလုံးကို ဝါကျင့်ကျင့် နေရောင်ခြည်အရောင်တွေနဲ့ ရိုက်ကူးထားလို့ အတိတ်ကို ပြန်သတိရစေတဲ့ ခံစားချက် (Nostalgia) ကို အပြည့်အဝ ပေးနိုင်ပြီး သေချာပေါက်ကြည့်သင့်တဲ့ ကားမျိုးပါပဲ။ File size… (2.5 GB) / (1.6 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration…. 02:20:47 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း