ဇာတ်ကားများ ရွေးရန်

Girl

2025ဇာတ်ကားအမှတ် 7.1/10125 မိနစ်

"Girl 2026" ရုပ်ရှင်ဟာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုလေးတစ်ခုရဲ့ ကြေကွဲစရာ လူမှုဘဝအခြေအနေကို အရှိအတိုင်း ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့... နေ့တိုင်း ကန်စွန်းဥထမင်းကိုပဲ ငြီးငွေ့အောင် စားနေရတဲ့ ညီအစ်မနှစ်ဖော်နဲ့ သူတို့ရဲ့ မိသားစုအကြောင်းပါ... အရက်သမားအဖေကြီးရယ်၊ သမီးတွေအပေါ် တင်းကျပ်လွန်းပြီး စိတ်တိုရင် တိုသလို ရိုက်နှက်တတ်တဲ့ အမေကြီးရယ်ကြားမှာ ကလေးမလေးရဲ့ ဘဝဟာ တကယ်ကို ခါးသီးလွန်းလှပါတယ်... ဇာတ်လမ်းကြောင်းလေးကို အနည်းငယ် ပြောပြရရင် - မိခင်ဖြစ်သူဟာ "စာကောင်းကောင်းမသင်ရင် ငါ့လို ဆံပင်ညှပ်သမား ဖြစ်လိမ့်မယ်" ဆိုပြီး သမီးကို ပညာတတ်စေချင်တဲ့ စေတနာအမှားတွေနဲ့ အမြဲဖိအားပေးနေသူပါတစ်ဖက်မှာလည်း ကျန်းမာရေးချို့တဲ့လို့ ကျောင်းမှာ ခဏခဏမူးလဲတတ်တဲ့ သမီးငယ်လေးရဲ့ အခြေအနေကို မိခင်ဖြစ်သူက ဂရုမစိုက်မိဘဲအလုပ်ကိစ္စတွေနဲ့သာ လုံးပန်းနေခဲ့ပါတယ်အဆိုးဆုံးကတော့ မတရားတဲ့ ခိုးမှုနဲ့ စွပ်စွဲခံရပြီး ဒူးထောက်အပြစ်ပေးခံရတဲ့ မြင်ကွင်းတွေဟာ ကြည့်ရှုသူတွေကို တကယ်ပဲရင်နင့်စေမှာပါ... ဒီဇာတ်ကားဟာ အခြေခံလူတန်းစားတွေရဲ့ ဘဝရုန်းကန်မှု၊ မိသားစုတွင်း ဖြစ်လေ့ရှိတဲ့ စိတ်ဒဏ်ရာတွေနဲ့ နောက်ဆုံးမှာတော့ သားသမီးတွေအပေါ်ထားတဲ့ မိခင်တစ်ဦးရဲ့ နက်ရှိုင်းလှတဲ့ မေတ္တာတရားကိုပါ ပီပီပြင်ပြင် ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်ဘဝရဲ့ ရသစုံကို ခံစားရမယ့် ဒီဇာတ်ကားကောင်းလေးကို အခုပဲ ကြည့်ရှုလိုက်တော့နော်... Filesize : 1.78 GB / 0.99 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama Runtime : 2h 5 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း