ဇာတ်ကားများ ရွေးရန်

Yenni Thuniga

2022ဇာတ်ကားအမှတ် 8.0/10145 မိနစ်4K

ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတစ်ယောက်ရဲ့ ရတနာဆိုင် ဓားပြတိုက်ခံရတာကနေ ဇာတ်လမ်းစပါတယ်။ ရွေးကောက်ပွဲနီးလာမှ သူ့ဒေသမှာ ရာဇဝတ်မှုတွေ များလာလို့ စိတ်ပူနေရတဲ့အထဲ ရွေးကောက်ပွဲကာလမှာ အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ ရူပီးကုဋေ ၂၀၀၀ တန်ဖိုးရှိ စိန်ဆယ်လုံးပါ အခိုးခံလိုက်ရတယ်။ ဓားပြတွေ ပြန်ပေးဆွဲသွားတဲ့ မိန်းကလေးက အသက်ရှင်ကျန်ခဲ့ပေမယ့် ကိုမာဝင်နေပါတယ်။ သူ သတိပြန်ရဖို့က အရေးတကြီးဖြစ်နေသလို ဓားပြအဖွဲ့က ခြေရာလက်ရာမကျန်အောင် လုပ်သွားတာကြောင့် ရဲတွေလည်း အမှုဖော်ဖို့ အခက်တွေ့နေကြတယ်။ မိန်းကလေးရဲ့ အစ်ကိုဖြစ်သူကလည်း အဆုံးအထိ လိုက်ရှာဖို့ ကြိုးစားလာပါတယ်။ သူတို့ ဓားပြအဖွဲ့ကို ဖမ်းမိနိုင်ပါ့မလား။ ဒီဓားပြမှုကို ခိုင်းစေခဲ့တာက ပြည်ပစိန်မှောင်ခိုဂိုဏ်းတစ်ခု ဖြစ်ပေမယ့် အဲဒီနောက်မှာ မထင်ထားတဲ့သူတစ်ယောက် ရှိနေပြန်တယ်။ သူက ဘယ်သူဖြစ်မလဲဆိုတာ မရှင်းသေးချိန်မှာပဲ လူငယ်ဓားပြအဖွဲ့ဆီက စိန်တွေအားလုံး မမျှော်လင့်ဘဲ ပျောက်သွားပါတယ်။

ဇာတ်လမ်းအကြောင်း