ဇာတ်ကားများ ရွေးရန်

The Tower

2012ဇာတ်ကားအမှတ် 7.7/10121 မိနစ်

The Tower (2012) အခုတစ်ခေါက်တင်ဆက် ပေးမှာကတော့ action, drama အမျိုးအစား ဇာတ်ကားလေးဖြစ်တဲ့အပြင် ဟယ်လီကော်ပတာ ပေါက်ကွဲရာမှာ ဖြစ်ပေါ်ခဲ့တဲ့ အဆင့်မြင့် ဇိမ်ခံတိုက်ခန်း မီးလောင်မှုအကြောင်း ရိုက်ကူးထားတဲ့ Survival ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ မင်းသားကြီး Sul Kyung Gu, မင်းသမီး Son Ye jin, မင်းသား Kim Sang Kyung တို့နဲ့အတူ အခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ် ။ ဇာတ်လမ်းအကျဉ်း အီဒယ်ဟို (Kim Sang Kyung) ဟာ အထပ် ၁၂၀ မြင့်တဲ့ “ကောင်းကင်”မိုးမျှော်တိုက်မှာ ထိန်းသိမ်းရေးအဖွဲ့မှူးအနေနဲ့ အလုပ်လုပ်နေတဲ့ တစ်ကိုယ်တော် ဖခင်တစ်ဦးဖြစ်ပါတယ်။ သူက အဲဒီမှာ အတူလုပ်ကိုင်နေတဲ့ တာဝန်ခံမန်နေဂျာ ဆောယွန်းဟီး (Son Yejin) ကိုလည်း သဘောကျနေသူပါ။ ခရစ္စမတ်အကြိုနေ့ည ပါတီမှာ သမီးဖြစ်သူ အီဟာနာကို နှင်းကျတာ ပြဖို့အတွက် “ကောင်းကင်”မိုးမျှော်တိုက်ဆီ ခေါ်ခဲ့ပြီး နှင်းမကျတဲ့ထူးထူးဆန်းဆန်းခရစ်စ်မတ်စ်ပွဲဖြစ်နေတာကြောင့် Tower Sky ဟာ ပါတီတက်သူတွေကို ဟယ်လီကော်ပတာနှစ်စီးနဲ့ နှင်းတွေကြဲချစေပြီး ပါတီကို ပြည့်စုံစေခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ အားလုံးမမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ နှင်းအတုတွေ ကြဲချပေးတဲ့ ဟယ်လီကော်ပတာ ပေါက်ကွဲကာ .. မိုးမျှော်တိုက်ကို လာထိပြီး မီးလောင်မှု အကြီးအကျယ်ဖြစ်ပေါ်ရာမှာတော့ .. မိုးမျှော်တိုက်ထဲမှာ ပိတ်မိနေတဲ့ များပြားလှတဲ့နေထိုင်သူတွေ ဧည့်သည်တွေကို မီးသတ်သမား ခေါင်းဆောင် ဂန်ယောင်းဂီ (Sul Kyung Gu) ဦးဆောင်တဲ့ ယောအွီဒိုမီးသတ်အဖွဲ့နဲ့ အဖွဲ့မှူး အီဒယ်ဟိုတို့က သက်စွန့်ဆံဖျား ဘယ်လိုများ ကယ်တယ်လုပ်ဆောင်သွားမလဲ .. ဘယ်လိုထိခိုက်နစ်နာမှုတွေ ဖြစ်လာမလဲဆိုတာကို .. သဘာဝဘေးအန္တရာယ်ဇာတ်ကားတစ်ကားကို ကြည့်နေရတဲ့အတိုင်း ရင်တလှပ်လှပ်နဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပြီး လူသားချင်းစာနာမှုကို ဦးစားပေးရိုက်ပြထားတဲ့ ကြည့်လို့တန်မယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.91GB / 848MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 02m Genre ….. Action, Thriller, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း