ဇာတ်ကားများ ရွေးရန်

Queen of Coal

2025ဇာတ်ကားအမှတ် 7.1/1094 မိနစ်

Queen of Coal (2025) စပိန်နှင့် အာဂျင်တီးနား ပူးပေါင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာ အာဂျင်တီးနားနိုင်ငံ၊ ပါတာဂိုးနီးယားဒေသက ပထမဆုံး ထရန်စဂျင်ဒါ အမျိုးသမီး မိုင်းအလုပ်သမား ကာလီတာရိုဒရီဂွတ်ဇ်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာပါ။၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလက ကျောက်မီးသွေးတွင်းတွေပေါတဲ့ ပါတာဂိုးနီးယားဆိုတဲ့မြို့လေးမှာ အမျိုးသမီးတွေ မိုင်းတွင်းထဲ ဝင်ရင် ကံဆိုးပြီး မိုင်းတွင်းပြိုကျတတ်တယ်ဆိုတဲ့ ရှေးရိုးစွဲအယူသီးမှုကြောင့် အမျိုးသမီးတွေကို မိုင်းတွင်းလုပ်သားအဖြစ် လုပ်ကိုင်ခွင့် ပိတ်ထားပါတယ်။ဇာတ်လိုက်ဖြစ်တဲ့ ကာလီတာဟာ သူ့မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ နားလည်မှုလွဲခြင်းတွေကို ခံနေရပေမဲ့ သူ့ရဲ့ ရည်မှန်းချက်ကတော့ ဂုဏ်သိက္ခာရှိတဲ့ ကျောက်မီးသွေးမိုင်းတွင်းလုပ်သားတစ်ဦး ဖြစ်လာဖို့ပါပဲ။ သူဟာ ယောက်ျားတွေပဲ ကြီးစိုးနေတဲ့ အဲဒီလောကထဲကို ခက်ခက်ခဲခဲ ဝင်ရောက်ခဲ့ပြီး ပထမဆုံး အမျိုးသမီး မိုင်းလုပ်သားအဖြစ် သူ့ရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရပုံကို ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားပါတယ်။ File size… 1.28 GB / 650 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1hr 34mins Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း