ဇာတ်ကားများ ရွေးရန်

Tees Maar Khan

2022ဇာတ်ကားအမှတ် 7.7/10135 မိနစ်

မသာယာတဲ့ မိသားစုနှစ်စုက ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ဟာ တစ်ညမှာ ဆုံမိပြီး အချင်းချင်း ကူညီပေးဖို့ ကတိပြုခဲ့ကြပါတယ်။ အာဒီက သူ့အပေါ် အမေတစ်ယောက်ထက်တောင် ပိုကောင်းပေးတဲ့ အမကြီးကို အမေလို့ပဲ ခေါ်ခဲ့တယ်။ သူ အမေလို့ခေါ်တဲ့သူကို လူတစ်စုက ထိပါးစော်ကားတဲ့အခါ အဲဒီလူသုံးဆယ်ကို ဆုံးမလိုက်ရာက အာဒီဟာ တီးစ်မာခန်းလို့ အမည်တွင်လာပါတယ်။ တစ်နေ့ သူငယ်ချင်းရဲ့ကိစ္စတစ်ခုကို လိုက်ဖြေရှင်းပေးရင်း အာနာဂါဆိုတဲ့ မိန်းကလေးနဲ့ တွေ့မိတယ်။ သူကတဲ့ ကကွက်တွေအတိုင်း အာနာဂါက လိုက်ကနေတာကို မြင်ပြီး ချစ်မိသွားလို့ ကျောင်းအထိပါ လိုက်လာပါတော့တယ်။ တစ်ဖက်မှာတော့ သူတို့မြို့မှာ ဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့ ဂီဂျာဆိုတဲ့ လူဆိုးတစ်ယောက် ရှိနေပါတယ်။ ဝန်ကြီးချုပ်က ဂီဂျာကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် နှိမ်နင်းဖို့ စီစဉ်နေတယ်။ ဒီအခြေအနေတွေကြားမှာ တီးစ်မာခန်းနဲ့ ဂီဂျာတို့ ဘယ်လို ထိပ်တိုက်တွေ့လာကြမလဲ၊ တီးစ်မာခန်းကရော ဘယ်လိုစိန်ခေါ်မှုတွေ ရင်ဆိုင်ရမလဲ။

ဇာတ်လမ်းအကြောင်း