ဇာတ်ကားများ ရွေးရန်

The Unity of Heroes

2018ဇာတ်ကားအမှတ် 5.6/10104 မိနစ်

"The Unity of Heroes (2018)" ဇာတ်ကားက နာမည်ကျော် သိုင်းပညာရှင်ကြီး ဟွမ်ဖေးဟုန်ရဲ့ သူရဲကောင်းဆန်တဲ့ လှုပ်ရှားမှုတွေကို ခေတ်သစ်ရုပ်ရှင်အမြင်နဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ...ဒီဇာတ်လမ်းမှာတော့ တရုတ်ပြည်ထဲကို နယ်ချဲ့နိုင်ငံခြားသားတွေ ဝင်ရောက်လာပြီး ဆေးဝါးဗေဒကို အကြောင်းပြကာ လူသားတွေကို သားရဲတိရစ္ဆာန်တွေလို ကြမ်းတမ်းလာစေတဲ့ "လူသားလက်နက်" စမ်းသပ်မှုတွေ လုပ်ဆောင်နေတာကို တွေ့ရမှာပါ... ဒီဘေးဒုက္ခကနေ ပြည်သူတွေကို ကယ်တင်ဖို့အတွက် ဆရာကြီး ဟွမ်ဖေးဟုန်က ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ခဲ့ပါတယ်... တစ်ဖက်မှာလည်း သိုင်းပညာရှင် အချင်းချင်းကြားက အားပြိုင်မှုတွေ၊ နားလည်မှုလွဲတာတွေနဲ့အတူ ဂုဏ်သိက္ခာကို ရှေးရှုတဲ့ တိုက်ပွဲတွေကိုလည်း မြင်တွေ့ရမှာပါ... နိုင်ငံခြားသားတွေရဲ့ ယုတ်မာတဲ့ အကြံအစည်တွေကို ဆရာကြီး ဟွမ်ဖေးဟုန်နဲ့ သူ့ရဲ့ တပည့်တွေဖြစ်တဲ့ လျန်ခွမ်းတို့က ဘယ်လိုမျိုး အသက်ပေး ခုခံတိုက်ခိုက်သွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်.... သိုင်းကားဝါသနာအိုးတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ပြောပါရစေ.... Filesize : 1.57 GB / 926 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Action , Drama Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း