Black Site
အက်ဘီဟာ ရာဇဝတ်မှုတွေကို စိစစ်ပြီး အကျဉ်းသားတွေကို စစ်မေးရတဲ့ စီအိုင်အေအေးဂျင့်တစ်ယောက်ပါ။ လျှို့ဝှက်အကျဉ်းထောင်တစ်ခုမှာ တာဝန်ထမ်းဆောင်ရင်း အရပ်သားဆေးရုံတစ်ရုံကို ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့အမှုကို စုံစမ်းနေပါတယ်။ အဲဒီပေါက်ကွဲမှုမှာ သူ့ခင်ပွန်းနဲ့ သမီးလည်း သေဆုံးခဲ့တာပါ။ အမှုကို လိုက်ရင်း ပုဆိန်လို့ နာမည်ဝှက်ပေးထားတဲ့ အကြမ်းဖက်သမားတစ်ယောက်နဲ့ ဆက်နွယ်နေကြောင်း အက်ဘီ သိလာရတယ်။ ဒီလူဟာ လူသတ်တာနဲ့ ခြေရာဖျောက်တာမှာ ကျွမ်းကျင်ပြီး ဓားကို ပိုင်ပိုင်နိုင်နိုင် သုံးတတ်သူပါ။ သားကောင်တွေကို ဘယ်သူဘယ်ဝါမှန်း မသိနိုင်အောင် မျက်နှာအရေခွံ ခွာပစ်တတ်တယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမယ့် သူဘယ်သူလဲဆိုတာ မသိကြသလို သူ့ကို မြင်ဖူးသူလည်း မရှိပါဘူး။ တစ်နေ့မှာတော့ အထူးရဲတပ်ဖွဲ့က ပုဆိန်ကို ဖမ်းမိပြီး စစ်ဆေးမေးမြန်းဖို့ အက်ဘီရှိတဲ့ အကျဉ်းထောင်ဆီ လွှဲပေးလာပါတယ်။ ခြေရာဖျောက်နိုင်စွမ်းရှိတဲ့ ဒီလူ အဖမ်းခံလာရတဲ့နောက်မှာ ဘယ်လိုရည်ရွယ်ချက် ရှိနေသလဲ။ အကျဉ်းထောင်အရာရှိတွေနဲ့ သူ့ကြား အပြန်အလှန် တိုက်ခိုက်ရင်း စီအိုင်အေအေးဂျင့်တွေကြားက လှည့်ကွက်တွေကို ဆက်ဖော်ပြသွားတဲ့ အက်ရှင်သည်းဖိုကားပါ။
ဇာတ်လမ်းအကြောင်း