ဇာတ်ကားများ ရွေးရန်

Howards End

1992ဇာတ်ကားအမှတ် 7.0/10142 မိနစ်

Howards End (1992) IMDb Rating (7.3) / Rotten Tomatoes (94%) E.M. Forster ရဲ့ နာမည်ကြီးဝတ္ထုကို အခြေခံရိုက်ကူးထားပြီး ဗြိတိသျှရုပ်ရှင်လောကရဲ့ အကောင်းဆုံး သမိုင်းနောက်ခံ ဒရမ်မာကားတွေထဲက တစ်ကားဖြစ်ပြီး၊ အော်စကာဆု ၃ ဆုအထိ ရရှိခဲ့တဲ့ကားပါ မင်းသမီးကြီး Emma Thompson ,Anthony Hopkins, Helena Bonham Carter တို့လို ဝါရင့်သရုပ်ဆောင်တွေရဲ့ အားပြိုင်မှုကို တစ်နေရာတည်းမှာ မြင်တွေ့ရမှာပါ။ ဇာတ်လမ်းကတော့ ၂၀ ရာစုအစောပိုင်း အင်္ဂလန်နိုင်ငံရဲ့ လူမှုအဆင့်အတန်း မတူညီတဲ့ မိသားစု ၃ စုကြားက ရှုပ်ထွေးတဲ့ ဆက်ဆံရေးကို ရိုက်ပြထားတာပါ။ Schlegel ညီအစ်မ: အနုပညာနဲ့ အသိပညာကို တန်ဖိုးထားတဲ့ အလယ်အလတ်တန်းစား မိသားစု။ Wilcox မိသားစု: ချမ်းသာကြွယ်ဝပြီး စီးပွားရေးသမားဆန်တဲ့ အထက်တန်းစား မိသားစု။ Leonard Bast: ဆင်းရဲနွမ်းပါးပြီး ဘဝကို ရုန်းကန်နေရတဲ့ အောက်ခြေလူတန်းစား စာရေးလေးတစ်ယောက်။ ချမ်းသာတဲ့ Wilcox မိသားစုရဲ့ အိမ်ကြီးဖြစ်တဲ့ "Howards End" ကို အမွေဆက်ခံမယ့်ကိစ္စကနေ စတင်ပြီး ဒီမိသားစုတွေရဲ့ ကံကြမ္မာဟာ အကြောင်းဆုံလာပါတယ်။ အချစ်၊ အမုန်း၊ သစ္စာဖောက်မှုနဲ့ လူတန်းစားခွဲခြားမှုတွေကြားမှာ ပစ္စည်းဥစ္စာတွေထက် လူသားချင်း နားလည်စာနာမှုကသာ ဘဝကို ပိုပြီး အဓိပ္ပာယ်ရှိစေတယ်ဆိုတာကို သေချာလေးပြသွားပါတယ်။ File size… (2.5 GB) / (1.2 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration…. 02:23:27 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း