Ode to My Father
Ode to My Father (2014) (ဖခင်ထံသို့ တမ်းချင်း) ၁၉၅၀ ခုနှစ်ကို ဇာတ်ကြောင်းယူထားတဲ့ ဒီဇာတ်ကားလေးဟာ ကိုရီးယား Box Office ရဲ့ အနှစ်သာရရှိတဲ့ Drama လေးဖြစ်ပြီး ဆုပေါင်း ၂၃ ဆု သိမ်းပိုက်နိုင်ခဲ့ပါတယ်။ IMDb Rating ကလည်း 7.8 ဖြစ်ပြီးတော့ rottentomatoes က 71% နဲ့ WorldWide Box Office ဝင်ငွေ 105 Milions ရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ Ode To My Father (ဖခင်ထံသို့ တမ်းချင်း) ဆိုတဲ့ ခေါင်းစဉ်လေးအတိုင်း အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ဦးစီးနေရာကို ခါးစည်းခံ တာဝန်ယူခဲ့ရတဲ့ လူငယ်လေးတစ်ယောက်အကြောင်းကို အကောင်းဆုံး အလှပဆုံးပုံဖော်ထားတဲ့ ရိုက်ကူးထားတာဖြစ်ပြီး မင်းသားကြီး Hwang Jung Min က အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ .. ၁၉၅၀ ခုနှစ် ကိုးရီးယားစစ်ပွဲကာလအတွင်း ဒေါ့ဆူတို့မိသားစုဟာ အသက်ဘေးကင်းရာကို ထွက်ပြေးကြရင်း ဒေါ့ဆူဖခင်နဲ့ လူချင်းကွဲကွာသွားခဲ့ပါတယ်။ ဖခင်ဖြစ်သူက ဒေါ့ဆူကို ကွဲကွာခါနီးမှာ အဖေ မရှိရင် အိမ်ထောင်ဦးစီးနေရာယူပြီး မိသားစုကို စောင့်ရှောက်ဖို့ အတန်တန်မှာကြားခဲ့ပါတယ် ။ အသက် ၁၀ နှစ်တောင် မပြည့်သေးတဲ့ ဒေါ့ဆူခမျာ အဲဒီအချိန်ကစပြီး သူ့အမေနဲ့ ညီ၊ ညီမတို့ရဲ့ဘဝ သာယာဖြောင့်ဖြူးကောင်းမွန်စေဖို့ သူ့ဘဝကို ပဓနမထားဘဲ စိတ်ရောလူပါ အပင်ပန်းခံကာ ရုန်းကန်ခဲ့ပါတယ် ။ အသက်ဘေးနဲ့အခါခါ ကြုံခဲ့ရရင်တောင် ဒေါ့ဆူက ဖခင်ရဲ့နောက်ဆုံးစကားတစ်ခွန်းနဲ့ ပြန်လည်ရုန်းထခဲ့သူပါ။ ၁၉၅၀ နှောင်းပိုင်း ကိုးရီးယားစစ်ပွဲအခြေအနေ ၊ စစ်ပွဲပြီး မိသားစုဘဝများနဲ့ စစ်ပွဲမှာ နစ်နာသူတွေကို နိုင်ငံအနေနဲ့ ကူညီထောက်ပံ့ပုံတွေနဲ့အတူ မိသားစုအရေး ရှေ့ထားပြီး ပေးဆပ်ခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ဘဝခရီးကို အလှပဆုံးပုံဖော်ထားတဲ့အတွက် ကြည့်ရှူသူပရိသတ်အနေနဲ့ ရသပေါင်းစုံအပြင် အတွေးအမြင်ပါ ရရှိနိုင်မယ့် ကြည့်ရတန်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ File size…1.8GB / 884MB Quality… BluRay 1080p/ 720p Format…mp4 Duration….2 hr. 6 min. Genre ….. Drama, War Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း