ဇာတ်ကားများ ရွေးရန်

The Boy with My Son's Face

2026ဇာတ်ကားအမှတ် 5.0/1090 မိနစ်

The Boy with My Son's Face (2026) IMDb Rating (5.0) ဇာတ်လမ်းကတော့ လွန်ခဲ့တဲ့ တစ်နှစ်ကမှ သားဖြစ်သူ ပျောက်ဆုံးသွားခဲ့တဲ့ မိခင်ဖြစ်သူ Lori အကြောင်းပါ။ သူမဟာ သားဖြစ်သူကို ရှာမတွေ့တော့ဘူးလို့ မျှော်လင့်ချက်ကုန်နေချိန်မှာပဲ ရဲတပ်ဖွဲ့ကနေ သတင်းကောင်းတစ်ခု ရောက်လာပါတယ်။ အဲဒါကတော့ သူမရဲ့သားနဲ့ တထေရာတည်းတူတဲ့ ကောင်လေးတစ်ယောက်ကို ပြန်တွေ့ပြီဆိုတာပါပဲ။ ဒါပေမဲ့ အဲဒီကောင်လေး အိမ်ကို ပြန်ရောက်လာတဲ့အခါမှာတော့ Lori ဟာ ထူးဆန်းတဲ့ အချက်တွေကို သတိထားမိလာပါတယ်။ ကောင်လေးရဲ့ အမူအရာတွေ၊ မှတ်ဉာဏ်တွေနဲ့ ပြောဆိုပုံတွေဟာ သူမ သိတဲ့သားဖြစ်သူနဲ့ မတူဘဲ ကွဲပြားနေတာကို တွေ့ရပါတယ်။ "ဒီကောင်လေးက ငါ့သားရဲ့ မျက်နှာနဲ့ တစ်ထေရာထဲတူပေမဲ့ ငါ့သား မဟုတ်ဘူး" ဆိုတဲ့သံသယကနေတစ်ဆင့် ဒီကောင်လေးဟာ ဘယ်သူလဲ၊ ဘာကြောင့် သူမရဲ့သားအဖြစ် ဟန်ဆောင်နေတာလဲဆိုတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်သွားမှာပါ။ ဇာတ်လမ်းက အစကနေ အဆုံးထိ "ဒီကောင်လေးက ဘယ်သူလဲ" ဆိုတာကို ခန့်မှန်းရခက်အောင် ဆွဲခေါ်သွားတာကြောင့် ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။ Thriller တွေရဲ့ ထုံးစံအတိုင်း လျှို့ဝှက်ချက်တွေ၊ လှည့်ကွက် (Twists) တွေ အများကြီး ပါဝင်ပြီး သေချာပေါကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ File size… (1.2 GB) / (720 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Thriller,TV Movie Duration…. 01:26:03 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း