Mission: Impossible - Rogue Nation
Tom Cruise ပါဝင်တဲ့ Mission: Impossible ရဲ့ ငါးကားမြောက်ဇာတ်ကားဖြစ်ပြီး Ghost Protocol အဆုံးမှာ Ethan Hunt ရခဲ့တဲ့ Syndicate အဖွဲ့ကို ခြေရာခံဖို့တာဝန်ကနေ ဆက်ထားပါတယ်။ ဒီတစ်ခါမှာ Hunt ဟာ အာရုံကြောအဆိပ်ဓာတ်ငွေ့တွေ အကြမ်းဖက်သမားတွေလက်ထဲ မရောက်အောင် တားဆီးရင်း Syndicate အကြောင်းကို စုံစမ်းနေတယ်။ လန်ဒန်မှာ နောက်ထပ်တာဝန်အကြောင်း နားထောင်နေတုန်းမှာပဲ အဲဒီအဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။ တစ်ဖက်မှာလည်း IMF ကို ဖျက်သိမ်းပြီး CIA လက်အောက်ကို ပေါင်းထည့်လိုက်တာကြောင့် Hunt အတွက် အားကိုးစရာ နည်းသွားတယ်။ IMF ရဲ့ အဓိကသုံးသပ်ရေးအရာရှိ William Brandt လည်း CIA အရာရှိ Alan Hunley လက်အောက်ကို ရောက်သွားပြီး Hunt ကို မကူညီနိုင်တော့ပါဘူး။ Hunt ကတော့ ဗြိတိန်ထောက်လှမ်းရေး MI6 က အမျိုးသမီးလျှို့ဝှက်အေးဂျင့်တစ်ယောက်ရဲ့ အကူအညီနဲ့ Syndicate လက်ထဲကနေ လွတ်လာပါတယ်။ အဲဒီနောက် အဖွဲ့ခေါင်းဆောင် Solomon Lane ကို ရှာဖွေပြီး သူ့အကြံအစည်တွေကို တားဆီးဖို့ ဆက်ကြိုးစားရတယ်။ Syndicate ရဲ့နောက်ခံမှာ နိုင်ငံအသီးသီးက သူလျှိုတွေကို စုဆောင်းပြီး လျှို့ဝှက်စစ်ဆင်ရေးတွေ လုပ်ခိုင်းဖို့ ရည်ရွယ်ထားတဲ့ ဗြိတိန်အစီအစဉ်တစ်ခု ရှိနေပါတယ်။ ဝန်ကြီးချုပ်က ခွင့်မပြုခဲ့ပေမယ့် တရားမဝင် ဆက်လုပ်နေရာက Solomon Lane ဟာ သစ္စာဖောက်ပြီး ခွဲထွက်သွားခဲ့တာပါ။ Christopher McQuarrie ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ MI6 အေးဂျင့်အဖြစ် Rebecca Ferguson ပါဝင်ထားပြီး Tom Cruise နဲ့အတူ Jeremy Renner၊ Simon Pegg နဲ့ Luther Stickell အဖြစ် Ving Rhames တို့လည်း ပြန်ပါလာကြပါတယ်။ ရှေ့ကားတွေကိုတော့ Brian De Palma၊ John Woo၊ J.J. Abram နဲ့ Brad Bird တို့က အစဉ်လိုက် ရိုက်ကူးထားကြတာပါ။
ဇာတ်လမ်းအကြောင်း