ဇာတ်ကားများ ရွေးရန်

Deadly Vows

2025ဇာတ်ကားအမှတ် 10.0/1098 မိနစ်

Deadly Vows (2025) IMDb Rating (5.2) အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ လူသတ်မှုလျှို့ဝှက်ချက်တွေကို အခြေခံထားတဲ့ Psychological Thriller ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းက ရိုးရိုးလေးထင်ရပေမဲ့ အခိုက်အတန့်တိုင်းမှာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်း (Twists) တွေ ပါဝင်လို့ ရင်တထိတ်ထိတ် ကြည့်ရမှာပါ။ ဇနီးမောင်နှံနှစ်ယောက်ကြားက ယုံကြည်မှုနဲ့ သံသယတွေကြား ကစားရတဲ့ စိတ်ပိုင်းဆိုင်ရာ အားပြိုင်မှုတွေက အရမ်းကောင်းပါတယ်။ အားလုံးက အားကျရတဲ့ စံပြဇနီးမောင်နှံ Beth နဲ့ Michael တို့အကြောင်းပါ။ သူတို့ဟာ သူတို့ရဲ့ (၁၀) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်ကို ဆင်နွှဲဖို့အတွက် လူသူဝေးရာတောင်ပေါ်အိမ်လေးတစ်လုံးကို အပန်းဖြေခရီးထွက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီခရီးစဉ်အတွင်းမှာပဲ Michael ရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့ အတိတ်က အမှောင်ထုတွေဟာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ Beth ဟာ သူမယုံကြည်ခဲ့တဲ့ ခင်ပွန်းသည်ဟာ လူသတ်သမားတစ်ယောက် ဖြစ်နိုင်တယ်ဆိုတဲ့ သံသယတွေဝင်လာပြီး အပန်းဖြေခရီးကနေ အသက်ရှင်ရက် လွတ်မြောက်ဖို့အတွက် ရုန်းကန်ရမယ့် အသက်လုပွဲတစ်ခု ဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားစဖွယ်ကြည့်ရမှာ ဖြစ်ပါတယ်။ File size… (1.2 GB) / (800 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Thriller Duration…. 01:40:23 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း