ဇာတ်ကားများ ရွေးရန်

Pushed Off a Plane and Survived

2026ဇာတ်ကားအမှတ် 8.2/1090 မိနစ်

Pushed Off A Plane And Survived (2026) IMDb Rating (5.1) ဒီဇာတ်ကားဟာ ၂၀၁၅ ခုနှစ်က ဗြိတိန်မှာ ဖြစ်ပွားခဲ့တဲ့ Victoria Cilliers ရဲ့ ဖြစ်ရပ်မှန် (ခင်ပွန်းဖြစ်သူက လေထီးကြိုးဖြတ်ပြီး သတ်ဖို့ကြိုးစားခဲ့သော်လည်း ရှင်သန်ခဲ့သည့်ဖြစ်ရပ်) ကို အခြေခံထားတာဖြစ်လို့ တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ Buried Alive and Survived ထဲက အတွဲညီတဲ့ သရုပ်ဆောင်နှစ်ဦး ပြန်ပါလာတာဖြစ်လို့ သူတို့ရဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်လမ်းကို ပိုပြီး အသက်ဝင်စေပါတယ်။ ဇာတ်လမ်းကတော့ ဆံပင်အလှပြင်လုပ်ငန်းနဲ့ အောင်မြင်နေတဲ့ လုပ်ငန်းရှင်အမျိုးသမီး Jaynie အကြောင်းပါ။ သူမဟာ သူမရဲ့ အိမ်မက်ထဲက မင်းသားလေးလို့ ထင်ရတဲ့ Cole နဲ့ လက်ထပ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ဇနီးမောင်နှံဟာ လေထီးခုန်ဖို့ (Skydiving) ထွက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ Jaynie လေထဲကနေ ခုန်ချလိုက်တဲ့အခါလေထီးက ပွင့်မလာတော့ပါဘူး။ သူမဟာ ပေ ၄၀၀၀ အမြင့်ကနေ မြေပြင်ပေါ်ကို တိုက်ရိုက်ပြုတ်ကျသွားခဲ့ပေမဲ့ အံ့သြစရာကောင်းလောက်အောင် အသက်မသေဘဲ ရှင်သန်ခဲ့ပါတယ်။ သူမ ပြန်လည်နာလန်ထူလာတဲ့အခါမှာတော့ ဒါဟာ မတော်တဆမှု မဟုတ်ဘဲ သူမရဲ့ ခင်ပွန်းဖြစ်သူ Cole က အမွေရလိုမှုနဲ့ လေထီးကို တမင်ဖျက်ဆီးခဲ့တာဖြစ်ကြောင်း သိသွားရတဲ့အခါ Jaynie တစ်ယောက် သူ့ကို သတ်ဖို့ကြိုးစားခဲ့တဲ့ ခင်ပွန်းကို ဘယ်လိုမျိုး ပြန်လည်လက်စားချေမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ကားမျိုးပါ။ File size… (1.2 GB) / (730 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Thriller,TV Movie Duration…. 01:28:54 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း