The Phone
The Phone (2015) တကယ်လို့ သင်သာ လွန်ခဲ့တဲ့ တစ်နှစ်က ဖြစ်ရပ်ဆိုးကို ပြင်ဆင်ခွင့်ရမယ်ဆိုရင် ဘာလုပ်ချင်လဲ ၂၀၁၄ ခုနှစ် မေလ ၁၆ ရက်နေ့မှာ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့နေအိမ်မှာပဲ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ အသတ်ခံလိုက်ရသူကတော့ ရှေ့နေ ဂိုဒုံးဟို (Son Hyun Joo) ရဲ့ ချစ်လှစွာသော ဇနီးသည် ယွန်းဆူ (Uhm Ji Won) ပါပဲ။ ဇနီးသည် သေဆုံးသွားပြီးနောက် တစ်နှစ်ပတ်လုံး နောင်တတွေ၊ ဝမ်းနည်းမှုတွေနဲ့ အချိန်ကုန်ဆုံးနေခဲ့တဲ့ ဒုံးဟိုဟာ ၂၀၁၅ ခုနှစ်ရဲ့ နေ့တစ်နေ့မှာတော့ မယုံကြည်နိုင်စရာ ဖုန်းတစ်ကောကို လက်ခံရရှိခဲ့ပါတယ်။ အဲဒီဖုန်းဟာ တခြားသူဆီကမဟုတ်ဘဲ လွန်ခဲ့တဲ့ တစ်နှစ်က အသတ်ခံလိုက်ရတဲ့ သူ့ရဲ့ဇနီးသည်ဆီက ဖြစ်နေတဲ့အခါမှာတော့... နေရောင်ခြည်လျှံထွက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆက်သွယ်ရေးလိုင်း ချို့ယွင်းချက်ကတစ်ဆင့် ၂၀၁၄ နဲ့ ၂၀၁၅ ကာလနှစ်ခုကို ဖုန်းလိုင်းတစ်ခုတည်းနဲ့ ချိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ အတိတ်က ဇနီးသည်ကို လူသတ်သမားလက်ကနေ လွတ်မြောက်အောင် ဖုန်းနဲ့တစ်ဆင့် လမ်းညွှန်ရင်း၊ ပစ္စုပ္ပန်မှာလည်း လူသတ်သမားရဲ့ အစအနကို လိုက်လံဖော်ထုတ်ရတဲ့ ဒုံးဟိုတစ်ယောက် သူ့ဇနီးကို ကယ်တင်နိုင်ပါ့မလား? အတိတ်က အဖြစ်အပျက်ကို ပြောင်းလဲလိုက်ရင် ပစ္စုပ္ပန်မှာရော ဘာတွေ ဆက်ဖြစ်လာမလဲ... ဒီဇာတ်ကားလေးထဲမှာတော့ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Son Hyun Joo ၊ Bae Sung Woo နဲ့အတူ မင်းသမီး Uhm Ji Won အပြင် အခုလတ်တလော Our Universe နဲ့ နာမည်ကြီးနေတဲ့ မင်းသမီး Roh Jeong Eui ကိုလည်း သမီးဖြစ်သူနေရာမှာ တွေ့နိုင်မှာပဲဖြစ်ပါတယ်။ သဘာဝလွန်ဖြစ်ရပ်တွေကြား လျို့ဝှက်ဆန်းကြယ်မှုတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်လို့ sci-fi, thriller ဇာတ်လမ်းအမျိုးအစားတွေကို ကြိုက်နှစ်သက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.82GB / 885MB Quality… BluRay 1080p/ 720p Format…mp4 Duration…. 1 hr. 55 min. Genre ….. Action, Thriller, Mystery, Supernatural Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း