ဇာတ်ကားများ ရွေးရန်

Pilar's Diary in the Amazon

2026ဇာတ်ကားအမှတ် 6.7/1090 မိနစ်

Pilar's Diary in the Amazon (2026) IMDb Rating (6.7) ဘရာဇီးလ်နိုင်ငံရဲ့ နာမည်ကြီး ကလေးစာအုပ်စီးရီး Diário de Pilar ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ချစ်စရာကောင်းပြီး ပညာပေးဆန်တဲ့ Animated Adventure ရုပ်ရှင်ကားဖြစ်ပါတယ်။ မိသားစုနဲ့ ကလေးတွေအတွက်အတူတူကြည့်ဖို့ ရည်ရွယ်ပြီး ထွက်ရှိလာတာပါ။ ဇာတ်လမ်းကတော့ စူးစမ်းလိုစိတ်အပြည့်ရှိတဲ့ မိန်းကလေးငယ် Pilar၊ သူမရဲ့ သူငယ်ချင်း Breno နဲ့ သစ္စာရှိတဲ့ ကြောင်လေး Samba တို့အကြောင်းပါ။ သူတို့ဟာ သူတို့ရဲ့ "မှော်ဆန်တဲ့ လှေကလေး" နဲ့အတူ ကမ္ဘာ့အကြီးဆုံး အမေဇုံတောနက်ကြီးဆီကို ခရီးထွက်လာခဲ့ကြပါတယ်။ ဒီခရီးစဉ်မှာ Pilar ဟာ အမေဇုံမြစ်ကြောင်းတစ်လျှောက်က ထူးဆန်းတဲ့ သတ္တဝါတွေ၊ ဒေသခံမျိုးနွယ်စုတွေရဲ့ ယဉ်ကျေးမှုတွေနဲ့ တောနက်ထဲက လျှို့ဝှက်ချက်တွေကို သူမရဲ့ ဒိုင်ယာရီစာအုပ်ထဲမှာ မှတ်တမ်းတင်သွားမှာပါ။ ဒါပေမဲ့ တောရိုင်းတိရစ္ဆာန်တွေကို အန္တရာယ်ပေးပြီး သစ်ခိုးထုတ်နေတဲ့ လူဆိုးတစ်သိုက်ကြောင့်တောပြုန်းတီးမှုတွေကို ကြုံလာရတဲ့အခါမှာတော့ Pilar နဲ့ အဖွဲ့သားတွေက အမေဇုံတောကြီးကို ကာကွယ်ဖို့ ဘယ်လိုကြိုးစားပြီး စွန့်စားခန်းတွေထွက်ကြမလဲဆိုတာကို ပျော်ရွှင်စရာကြည့်ရမယ့် ကားလေးဖြစ်ပါတယ်။ File size… (2.1 GB) / (1.2 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure Duration…. 01:32:19 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း