ဇာတ်ကားများ ရွေးရန်

Ek Villain Returns

2022ဇာတ်ကားအမှတ် 5.4/10127 မိနစ်

မွန်ဘိုင်းမှာ မိန်းကလေးတွေ ဆက်တိုက် အသတ်ခံနေရပါတယ်။ အမှုတွေကို လိုက်စုံစမ်းကြည့်တဲ့အခါ လူသတ်သမားဟာ ရည်းစားရှိတဲ့ မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားပြီး ရွေးသတ်နေတာကို တွေ့လာရတယ်။ ဒီလူသတ်မှုတွေနောက်က တရားခံဟာ ဘယ်သူလဲဆိုတာ လှည့်ကွက်တွေကြားကနေ လိုက်ရှာရမယ့် ဇာတ်လမ်းပါ။ ဂျွန်အာဘရာဟမ်၊ အရ်ဂျွန်ကပူး၊ ဒစ်ရှာနဲ့ တာရာတို့ ပါဝင်ထားပြီး ဗီလိန်နှစ်ယောက် အားပြိုင်ကြတဲ့ပုံစံနဲ့ တင်ဆက်ထားပါတယ်။ တစ်ဖက်သတ်အချစ်မှာ နစ်မွန်းမှု၊ မပိုင်ဆိုင်ရရင် တခြားသူကိုလည်း မပေးချင်တဲ့ အတ္တနဲ့ အသက်အသေခံနိုင်ပေမယ့် အရှုံးမခံနိုင်တဲ့စိတ်တို့လို အချစ်ရဲ့အမှောင်ဘက်ကိုလည်း ထည့်သွင်းထားတယ်။

ဇာတ်လမ်းအကြောင်း