ဇာတ်ကားများ ရွေးရန်

Helpless

2012ဇာတ်ကားအမှတ် 7.0/10117 မိနစ်

Helpless (2012) 2012ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Helpless ဇာတ်ကားဟာ ရုပ်ရှင်ရုံတင်သည့် ပထမဆုံးအပတ်မှာပင် လက်မှတ်စောင်ရေ ၆ သိန်းကျော် ရောင်းချခဲ့ရပါတယ်။ ကိုရီးယား Box Office တွင် အဆင့် (၁) ချိတ်ခဲ့ပြီး ဝက်ဝက်ကွဲရောင်းချခဲ့ရသည့် ဇာတ်ကားကာင်းတစ်ပုဒ်ဖြစ်ပါတယ်။ "မင်း တကယ်ချစ်နေတဲ့သူက ဘယ်သူလဲဆိုတာ မင်းသေချာသိရဲ့လား".... ဒီမေးခွန်းလေးကပင် ဒီဇာတ်ကားရဲ့ အဓိက ကျောရိုးပါပဲ။ ဇာတ်လမ်းအကျဉ်း Mun Hoနဲ့ Seon Yeong တို့ဟာ မကြာခင်မှာ လက်ထပ်ကြတော့မယ့် စုံတွဲလေးပါ။ တစ်နေ့မှာတော့ Mun Ho ရဲ့ မိဘတွေဆီ အတူသွားရင်း လမ်းဘေးနားနေစခန်းတစ်ခုမှာ ခဏရပ်နားခဲ့ကြပါတယ်။ ဒါပေမဲ့ Mun Ho တစ်ယောက် ကော်ဖီဝယ်ပြီး ပြန်လာတဲ့အခါမှာတော့ ကားစက်နှိုးလျက်သားနဲ့ မိုးထဲလေထဲမှာ Seon Yeong တစ်ယောက် ရုတ်တရက် အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့ပါတယ်။ ပျောက်ဆုံးသွားတဲ့ Seon Yeongကို ရှာဖို့အတွက် Mun Ho ဟာ စုံထောက်ဟောင်းတစ်ဦးဖြစ်တဲ့ သူ့ရဲ့ဝမ်းကွဲအစ်ကို Jong Geun ကို အကူအညီတောင်းခဲ့ပါတယ်။ အစပိုင်းမှာတော့ ပိုက်ဆံမက်လို့ ကူညီပေးခဲ့တဲ့ Jong Geun တစ်ယောက် စုံစမ်းရင်းနဲ့မှ Mun Ho ချစ်ခဲ့ရတဲ့ အမျိုးသမီးရဲ့ နောက်ကွယ်က ထိတ်လန့်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ခဲ့တဲ့အခါမှာတော့... Seon Yeong ဘာကြောင့် ဒီလို ပျောက်ကွယ်သွားရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပဟေဠိတွေကို တစ်ခုပြီးတစ်ခု ဖြေရှင်းရင်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုသွားရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ Mysteryကြိုက်တဲ့ ပရိသတ်များ လက်မလွတ်သင့်တဲ့ Helpless (2012) ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်... File Size - 2.1 GB/ 963 MB Quality - BluRay 1080p/ 720p Duration - 1h 56m Format - mp4 Genre - Mystery, Thriller Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း