ဇာတ်ကားများ ရွေးရန်

Fantasy of the Girls

2018ဇာတ်ကားအမှတ် 6.7/10105 မိနစ်

Fantasy of the Girls (2018) ဒီဇာတ်ကားထဲမှာ Our Universe ထဲက မင်းသမီး Roh Jeong-eui, Itaewon Class ထဲက မင်းသမီး Kwon Naraနဲ့ Who Are You: School 2015 ထဲက ဗီလိန်မလေး Jo Soo-hyang တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးကတော့ ကျောင်းသူလေးတွေရဲ့ ကမ္ဘာငယ်လေးထဲက အပြစ်ကင်းစင်မှု၊ ဝေခွဲမရတဲ့ သံယောဇဉ်နဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို ပုံဖော်ထားတာဖြစ်ပြီး LGBT Supporter တို့အတွက် Lesbian Teen Romance Movie ကောင်းလေးတစ်ခုဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်း အချစ်ဆိုတာ အသက်အရွယ်မရွေး Gender မရွေးမှာ ဖြစ်ပေါ်လာတတ်ပေမယ့် ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှုဒဏ်ကိုခံရပြီး မဖြစ်သင့်တဲ့ ဒဏ်ခတ်အချစ်ဆိုတာမျိုး ရှိပါတယ်... ချစ်နေကြပေမယ့်လည်း မဖြစ်သင့်တဲ့အတွက် မချစ်ခဲ့သလိုနေခဲ့လိုက်ရမယ့် အချစ်ဇာတ်လမ်းလေးကို ဒီကားလေးမှာ ပုံဖော်ထားပုံကတော့ .. ပထမနှစ်အထက်တန်ကျောင်းသူလေး ဆွန်းဟွာ(Roh Jeong-eui)ဟာ သူမရဲ့ကျောင်းက နောက်ဆုံးနှစ် စီနီယာကျောင်းသူ ဆူယွန်း(Jo Soo-hyang)နဲ့ အမှတ်မထင်တွေ့ဆုံခဲ့ရာက ဆူယွန်းရဲ့မျက်စိကျသွားမှုကြောင့် ရိုမီယို ဂျူးလိယက် ပြဇာတ်အတွက် ဂျူးလိယက်နေရာကို အရွေးခံခဲ့ရပါတယ်။ ရိုမီယိုနေရာမှာ သရုပ်ဆောင်မယ့် စီနီယာကျောင်းသူ ဟာနမ်(Kwon Nara)ကတော့ ဂျူနီယာတိုင်းရဲ့ အသည်းစွဲစံပြ ကျောင်းသူတစ်ယောက်ဖြစ်တာမို့လို့ တွဲသရုပ်ဆောင်ခွင့်ရခဲ့တဲ့ ဆွန်းဟွာကို လူတိုင်းက အားကျနေခဲ့ရတဲ့အဖြစ်ပေါ့ .. ဒီလိုနဲ့ ပြဇာတ်အတွက် လေ့ကျင့်ကြရင်း ရင်းနှီးသွားပြီး ဆွန်းဟွာက စီနီယာဟာနမ်အပေါ် ခံစားချက်တွေ ရှိလာတဲ့အခါမှာတော့ .. File size…1.81GB / 874MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 47 min. Genre ….. Romance, Youth, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း