ဇာတ်ကားများ ရွေးရန်

Burnt by the Sun

1994ဇာတ်ကားအမှတ် 6.9/10135 မိနစ်

Burnt by the Sun (1994) IMDb Rating (7.8) / Rotten Tomatoes (81%) ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ရုရှားရုပ်ရှင်လောကရဲ့ ဂုဏ်အရှိဆုံး လက်ရာကောင်းတစ်ခု ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး နိုင်ငံခြားဘာသာစကားရုပ်ရှင်ဆုကိုဆွတ်ခူးခဲ့သလို ကိန်းစ်ရုပ်ရှင်ပွဲတော်မှာလည်း Grand Prix ဆုကို ရရှိခဲ့ပါတယ်။ စတာလင်ခေတ် ရုရှားနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဆိုးတွေကို မိသားစုဒရာမာတစ်ခုအနေနဲ့ အနုပညာမြောက်စွာတင်ဆက်ထားတာပါ။ ၁၉၃၆ ခုနှစ်၊ ဆိုဗီယက်ပြည်ထောင်ရဲ့ နွေရာသီကာလကိုနောက်ခံထားပါတယ်။ သူရဲကောင်းကြီးဖြစ်တဲ့ ဗိုလ်မှူးကြီး Sergei Kotov ဟာ သူ့ရဲ့ဇနီး Marusya နဲ့ ၆ နှစ်အရွယ် သမီးလေး Nadia တို့နဲ့အတူ နယ်မြို့လေးက အပန်းဖြေအိမ် မှာ အေးချမ်းစွာ အချိန်ကုန်ဆုံးနေပါတယ်။ သူတို့ရဲ့ ပျော်ရွှင်စရာ အားလပ်ရက်ဟာ Marusya ရဲ့ ချစ်သူဟောင်း Mityaရုတ်တရက် ရောက်ရှိလာတဲ့အခါမှာတော့ ပြောင်းလဲသွားပါတော့တယ်။ Mitya ဟာ အရင်ကလို ပျော်ပျော်နေတတ်တဲ့ လူငယ်လေးတစ်ယောက်လို ဟန်ဆောင်ထားပေမဲ့ တကယ်တော့ သူဟာစတာလင်ရဲ့ လျှို့ဝှက်ပုလိပ် (NKVD) တစ်ဦးအဖြစ် Kotov ကို ဖမ်းဆီးဖို့ ရောက်လာတာပါ။ တစ်နေ့တာအတွင်းမှာပဲ သူငယ်ချင်းဟောင်းတွေကြားက အားပြိုင်မှု၊ မနာလိုမှုနဲ့ နိုင်ငံရေးအရှုပ်တော်ပုံတွေဟာ မိသားစုရဲ့ အေးချမ်းမှုကို ဘယ်လိုမျိုး အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်မလဲဆိုတာကို ရင်နင့်ဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size… (4.7 GB) / (2.6 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 02:22:05 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း