Insadong Scandal
ဘီမူပန်းချီပြခန်းရဲ့ ဥက္ကဋ္ဌ ဘယ်ထယ်ဂျင်းဟာ ပန်းချီအတုတွေကို လူထုရှေ့ ပြသပြီး မူရင်းတွေကို နိုင်ငံခြားဆီ မှောင်ခိုရောင်းစားနေသူပါ။ တစ်နေ့မှာ ဂျိုဆွန်းခေတ်က ရေးဆွဲခဲ့တဲ့ နှစ်လေးရာသက်တမ်းရှိ ဗြောဂန်ဒိုပန်းချီကား သူ့လက်ထဲ ရောက်လာတယ်။ ဒီပန်းချီကိုလည်း ဂျပန်မှာ ဈေးကောင်းကောင်းနဲ့ ရောင်းဖို့ စီစဉ်ထားပေမယ့် မရောင်းခင် ပြန်လည်မွမ်းမံဖို့ လိုနေပါတယ်။ ဒါကြောင့် ပန်းချီပုံတူရေးဆွဲရာမှာ ကျွမ်းကျင်တဲ့ အီဂန်ဂျွန်ကို ဆက်သွယ်လိုက်တယ်။ အီဂန်ဂျွန်ကလည်း မိဘမဲ့ဘဝနဲ့ ကြီးပြင်းခဲ့ရာ ချမ်းဒုန်ဘုရားကျောင်းနဲ့ ဆိုင်တဲ့ ဂန်ဟွာဗြောင်ဖွန်းပန်းချီကို ရှာဖွေနေသူပါ။ ပန်းချီတစ်ချပ်ကို ရောင်းချချင်သူနဲ့ နောက်တစ်ချပ်ကို ရှာနေသူတို့ တွေ့ဆုံလာရာက အကျိုးစီးပွားနဲ့ အကြံအစည်တွေ ဘယ်လိုပတ်သက်နေသလဲဆိုတာကို ဆက်ပြထားပါတယ်။ ဂင်ရယ်ဝန်နဲ့ အွန်းဂျောင်ဟွာတို့ ပါဝင်ထားတဲ့ ဒီဇာတ်ကားမှာ ပန်းချီအနုပညာကို အသုံးချပြီး စီးပွားရှာနေတဲ့ လောကအကြောင်းကို မြင်ရမှာပါ။
ဇာတ်လမ်းအကြောင်း