ဇာတ်ကားများ ရွေးရန်

The History of Sound

2025ဇာတ်ကားအမှတ် 6.3/10128 မိနစ်4K

The History of Sound (2025) IMDb Rating (6.9) / Rotten Tomatoes (70%) ဒီတစ်ခါတော့ သရုပ်ဆောင် Paul Mescal နဲ့ Josh O'Connor တို့ အဓိကပါဝင်ထားတဲ့ The History of Sound ဆိုတဲ့ ရုပ်ရှင်ကားလေး တင်ပေးထားပါတယ်။ ဒီကားက ဒါရိုက်တာ Oliver Hermanus ရိုက်ကူးထားပြီး ပြီးခဲ့တဲ့ ၂၀၂၅ ကိန်းစ်ရုပ်ရှင်ပွဲတော် (Cannes Film Festival) မှာကတည်းက လူပြောများခဲ့တဲ့ သမိုင်းနောက်ခံ အချစ်ဒရာမာ ကားကောင်းတစ်ကားပါ။ သမိုင်းတွေက သီချင်းတွေကနေ ဖော်ပြတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက ၁၉၁၇ ခုနှစ်၊ ပထမကမ္ဘာစစ်ကာလ ဘော့စတွန်မြို့က ဂီတကျောင်းတစ်ခုမှာ စပါတယ်။ လိုင်အိုနယ် (Paul Mescal) နဲ့ ဒေးဗစ် (Josh O'Connor) ဆိုတဲ့ လူငယ် ဂီတကျောင်းသား နှစ်ယောက် ဆုံတွေ့ကြရာကနေ စတာပေါ့။ သူတို့နှစ်ယောက်က ရိုးရာဂီတ (Folk Music) တွေကို အရမ်းဝါသနာပါကြတယ်။ တူညီတဲ့ ဝါသနာကြောင့် ခင်မင်ရာကနေ သံယောဇဉ်တွေ နက်ရှိုင်းသွားကြတယ်။ ဒါပေမဲ့ ဒေးဗစ်က စစ်ထဲဝင်ရတော့ သူတို့နှစ်ယောက် ဝေးသွားကြတယ်။ နှစ်အတော်ကြာလို့ စစ်ကြီးပြီးသွားတဲ့အခါမှာတော့ သူတို့ ပြန်ဆုံဖြစ်ကြတယ်။ အဲဒီအချိန်မှာ မိန်း (Maine) ပြည်နယ် သစ်တောတွေထဲက ရွာလေးတွေဆီ သွားပြီး ရိုးရာသီချင်းဟောင်းလေးတွေကို အတူတူ လိုက်လံစုဆောင်း မှတ်တမ်းတင်တဲ့ ခရီးစဉ်လေးတစ်ခု ထွက်ခဲ့ကြတယ်။ အဲဒီခရီးစဉ်မှာပဲ သမိုင်းတွေနဲ့ လူတွေရဲ့ဘဝကို ကောင်းကောင်းမြင်ခဲ့ကြရပါတယ်။ Paul Mescal နဲ့ Josh O'Connor တို့ နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေက တော်တော်လေးကို သဘာဝကျပြီး လိုက်ဖက်ပါတယ်။ ဇာတ်ကောင်တွေရဲ့ ခံစားချက်ကို ပရိသတ်ဆီ တိုက်ရိုက်ရောက်အောင် ပို့ပေးနိုင်ကြတယ်။ ဇာတ်လမ်းက သာမန်အချစ်ကားမျိုး မဟုတ်ဘဲ ဂီတဆိုတဲ့ အနုပညာကနေတစ်ဆင့် လူသားနှစ်ယောက်ကြားက နက်ရှိုင်းတဲ့ သံယောဇဉ်ကို အေးအေးချမ်းချမ်းလေး ပုံဖော်ပြသွားတာပါ။သဘာဝရှုခင်း အလှအပတွေနဲ့ ရိုးရာသီချင်းသံစဉ်တွေ သေသေချာချာ ပေါင်းစပ်ထားလို့ ခံစားမှုရသ အပြည့်ပေးနိုင်တဲ့ ကားမျိုးပါ။ ဒီကားက ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ အေးအေးလေး သွားတဲ့ ဇာတ်ကားမျိုးပါ။ ချစ်ခြင်းမေတ္တာ၊ အလွမ်းအဆွေးနဲ့ အမှတ်တရတွေကို သီချင်းသံစဉ်တွေကြားမှာ လှလှပပ ဖော်ကျူးထားတာ တွေ့ရပါလိမ့်မယ်။ သမိုင်းနောက်ခံ ချစ်ကြည်နူးစရာ ဒရာမာကားကောင်းတွေ ကြိုက်တတ်တယ်ဆိုရင်တော့ သေချာပေါက် ကြည့်သင့်တဲ့ ဇာတ်ကားလို့ ညွှန်းပါရစေ။ File size… (5.9 GB) / (1.4 GB) / (920 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, History, Music, Romance Duration…. 02:08:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း