Honeymoon
Honeymoon (2025) IMDb Rating (6.6) ယူကရိန်း-ရုရှားစစ်ပွဲထဲက အဖြစ်အပျက်ကိုရိုက်ပြထားတဲ့ War Drama ကားတစ်ကားပါ။ ဒီဇာတ်ကားဟာ သာမန်ဟန်းနီးမွန်းခရီးစဉ်မျိုး မဟုတ်ဘဲ စစ်ပွဲရဲ့ အရိပ်အောက်မှာ ပိတ်မိနေတဲ့ စုံတွဲတစ်တွဲရဲ့ ရှင်သန်မှုကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အိမ်ထောင်ကျခါစ စုံတွဲလေး Taras နဲ့ Olha တို့အကြောင်းပါ။ သူတို့ဟာ မြို့ပြင်က တိုက်ခန်းအသစ်လေးမှာ သူတို့ရဲ့ ပျော်ရွှင်စရာ ဘဝသစ်ကို စတင်ဖို့ ပြင်ဆင်နေကြတာပါ။ ဒါပေမဲ့ သူတို့မမျှော်လင့်ဘဲ ရုရှား-ယူကရိန်း စစ်ပွဲ စတင်လာပြီး သူတို့နေထိုင်ရာ ဒေသဟာ ရန်သူ့တပ်တွေရဲ့ သိမ်းပိုက်ခြင်းကို ခံလိုက်ရပါတယ်။ အပြင်မှာ ဗုံးသံတွေ၊ သေနတ်သံတွေ ဆူညံနေပြီး ဘယ်ကိုမှ ထွက်ပြေးလို့မရတဲ့ အခြေအနေမှာ သူတို့ဇနီးမောင်နှံဟာ ကိုယ့်အိမ်ထဲမှာကိုယ် ပိတ်မိနေပါတော့တယ်။ လျှပ်စစ်မီးမရှိ၊ ရေမရှိ၊ အစားအစာ ပြတ်လပ်နေတဲ့ စစ်ဘေးဒုက္ခတွေထဲမှာ သူတို့နှစ်ယောက်ဟာ ကြောက်ရွံ့မှု၊ မျှော်လင့်ချက်ကင်းမဲ့မှုတွေကို ရင်ဆိုင်ရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်အထိ ချစ်သလဲ၊ ဘယ်လိုမျိုး အားပေးကူညီမလဲဆိုတာကို ရင်နင့်စရာ ပုံဖော်ထားတဲ့ ဒရမ်မာကားကောင်းလေးဖြစ်ပါတယ်။ File size… (730 MB) / (500 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Thriller Duration…. 01:21:34 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း