ဇာတ်ကားများ ရွေးရန်

Detective Knight: Redemption

2022ဇာတ်ကားအမှတ် 5.8/1093 မိနစ်

Detective Knight ဇာတ်ကားသုံးကားတွဲထဲက Redemption မှာတော့ Bruce Willis သရုပ်ဆောင်ထားတဲ့ စုံထောက်နိုက်ဟာ တရားရင်ဆိုင်ရဖို့ ထောင်ထဲမှာ စောင့်နေရပါတယ်။ အဲဒီမှာ ဖာသာကွန်လန်နဲ့ မူးယစ်ဆေးသုံးစွဲသူ ကိုဒီရို့ဒ်တို့ကို သိကျွမ်းလာပြီး လွတ်မြောက်ရေးအကြောင်း ဆွေးနွေးဖြစ်ကြတယ်။ တစ်ဖက်မှာတော့ နယူးယောက်မြို့မှာ ဘဏ်ဓားပြတိုက်မှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်လာလို့ ပြည်သူတွေလည်း ကြောက်လန့်နေကြပါပြီ။ ရဲဌာနနဲ့ မြို့တော်ဝန်တို့ပါ အကျပ်ရိုက်လာတဲ့အခါ အရင်က အတွဲညီခဲ့တဲ့ စုံထောက်နိုက်နဲ့ စုံထောက်ဖစ်တို့ဆီ အကူအညီတောင်းဖို့ ဖြစ်လာပါတယ်။ ခရစ္စမတ်နေ့မှာ ဆန်တာဝတ်စုံတွေဝတ်ပြီး ဘဏ်ဖောက်နေကြသူတွေရဲ့ နောက်ကြောင်းနဲ့ ဒီအမှုတွေကို နိုက် ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဆက်ပြထားတဲ့ အက်ရှင်သည်းထိတ်ရင်ဖိုဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း