ဇာတ်ကားများ ရွေးရန်

Ragtime

1981ဇာတ်ကားအမှတ် 7.0/10155 မိနစ်

Ragtime (1981) IMDb Rating (7.3) / Rotten Tomatoes (85%) ၂၀ ရာစုအစောပိုင်း နယူးယောက်မြို့ရဲ့ လူမှုပတ်ဝန်းကျင်၊ လူမျိုးရေးခွဲခြားမှုနဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်ပုံတွေကို ခမ်းခမ်းနားနား ရိုက်ကူးထားတဲ့ Historical Drama ဂန္ထဝင်ကားကြီးတစ်ကားပါ။ ဒီဇာတ်ကားဟာ စာရေးဆရာ E.L. Doctorow ရဲ့ နာမည်ကြီးဝတ္ထုကို အခြေခံထားပြီး ဒါရိုက်တာ Miloš Forman က ပုံဖော်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက ၁၉၀၆ ခုနှစ်ဝန်းကျင် နယူးယောက်မှာ အခြေတည်ထားပြီး မတူညီတဲ့ လူမှုအလွှာက မိသားစုတွေရဲ့ ဘဝတွေ ဘယ်လိုထပ်တူကျသွားသလဲဆိုတာကို ရိုက်ပြထားတာပါ။ အဓိကဇာတ်ကောင်ကတော့ ပါရမီရှင် လူမည်းပီယာနိုတီးခတ်သူ Coalhouse Walker Jr. (Howard E. Rollins Jr.) ဖြစ်ပါတယ်။ Coalhouse ဟာ သူ့ရဲ့ ဂုဏ်သိက္ခာကို စော်ကားဖျက်ဆီးခဲ့တဲ့ လူဖြူမီးသတ်သမားတစ်စုကို တရားဥပဒေအရ အရေးယူဖို့ ကြိုးစားပေမဲ့ စနစ်အရ ငြင်းပယ်ခံရတဲ့အခါ သူဟာ လက်နက်စွဲကိုင်ပြီး ပြင်းထန်တဲ့နည်းလမ်းနဲ့ တရားမျှတမှုကို တောင်းဆိုပါတော့တယ်။ ဒီဖြစ်ရပ်ကတစ်ဆင့် မြို့ပေါ်က အထက်တန်းလွှာမိသားစုတွေ၊ နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ သာမန်လူတွေရဲ့ ဘဝတွေကို ဘယ်လိုရိုက်ခတ်သွားသလဲဆိုတာကို ဇာတ်လမ်းအိမ်အပြည့်နဲ့ တင်ဆက်ထားတဲ့ ဂန္တဝင်ကားကောင်းဖြစ်ပါတယ်။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။) File size… (1.9 GB) / (1.1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,History Duration…. 02:35:33 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း