VIRGIN PUNK Clockwork Girl
Virgin Punk: Clockwork Girl (2025) IMDB - 7.2/10, MyAnimeList - 7.2/10 အချိန်ကာလက ၂၀၉၉ ခုနှစ်၊ ခေတ်လွန်ကာလ၊ Somadea ဆိုတဲ့ တရားမဝင်အရာကို ပိုင်ဆိုင်ထားတဲ့ ရာဇဝတ်သားတွေကို အာဏာပိုင်တွေက ဆုကြေးထုတ်ထားပြီး ကြေးစားမုဆိုးတွေက စိတ်ကြိုက်လှုပ်ရှားပြီး သေသေရှင်ရှင် ဖမ်းဆီးအပ်နှံလို့ရတယ်။ Somadea ဆိုတာက ခေတ်မှီဆေးပညာရည်ရွယ်ချက်အနေနဲ့ ရောဂါတွေ ဖျားနာမှုတွေ မရှိတော့အောင် ဖန်တီးထားပေမဲ့ သာမန်အသွေးအသားတွေထက် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းမှာ ကျော်လွန်နေပြီး မကောင်းတဲ့ရည်ရွယ်ချက်ရှိတဲ့လူတွေလက်ထဲရောက်ရင် တော်တော်အန္တရာယ်များတဲ့အရာတစ်ခုပေါ့။ အဲဒီမှာပဲ Kamigori Ubu ဆိုတဲ့ ကောင်မလေးက ကြေးစားမုဆိုးလုပ်စားနေသူတစ်ယောက်။ ဒီလိုမျိုးနဲ့ တစ်ရက် ဆုငွေထုတ်ခံထားရတဲ့ လူဆိုးတစ်ယောက်ကို လိုက်ဖမ်းနေတုန်း အတိတ်တုန်းက ပတ်သက်ခဲ့ဖူးတဲ့ Mr Elegance ဆိုတဲ့လူတစ်ယောက်နဲ့ ပြန်ကြုံဆုံလာရပြီး Ubu တစ်ယောက်ရဲ့ဘဝ အပြောင်းအလဲကြီး ပြောင်းလဲပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့....။ Animation တွေ ပီပီပြင်ပြင် အရည်အသွေးကောင်းကောင်းနဲ့ ရှယ်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးပါ။ Rating ကလည်း R Rated ဖြစ်တာမို့ သွေးထက်သံယိုအက်ရှင်ခန်းတွေအပြင် ကိုယ်လုံးတီးဇာတ်ဝင်ခန်းတချို့ ပါဝင်တာကြောင့် မိသားစုနဲ့ ကြည့်ရှုဖို့ အဆင်မပြေနိုင်ပါ။ နောက်ပြီး Runtime ကလည်း တိုတိုလေးမို့ သေချာပေါက် အားမလိုအားမရဖြစ်ပြီး ကျန်ခဲ့ရမှာ အသေအချာပါပဲ။
ဇာတ်လမ်းအကြောင်း