ဇာတ်ကားများ ရွေးရန်

LUPIN THE IIIRD: The Movie - The Immortal Bloodline

2025ဇာတ်ကားအမှတ် 7.9/1093 မိနစ်

Lupin the IIIrd: The Movie - The Immortal Bloodline (2025) IMDB - 6.3/10, MyAnimeList - 6.8/10 Lupin III ဆိုတာက Japan Anime လောကမှာ ဆယ်စုနှစ် ၅ ခုလောက်ကြာအောင် နာမည်ကြီးနေတဲ့ ဇာတ်ကောင်တစ်ကောင်ပဲ ဖြစ်ပါတယ်။ သူကတော့ ပြင်သစ်နာမည်ကြီး သူခိုး Arsène Lupin ရဲ့ မြေးဖြစ်သူဖြစ်ပြီး ကမ္ဘာ့အတော်ဆုံး သူခိုးဇာတ်ကောင်တစ်ကောင်ပါ။ သူ့မှာ တရားဝင်အဖွဲ့ဝင်မဟုတ်ပေမဲ့လည်း အမြဲတမ်း ဇာတ်ပို့တွေအဖြစ် ပါနေကြ စနိုက်ပါသမား Daisuke Jigen တို့ ဆာမူရိုင်း အကြမ်းစား Goemon Ishikawa တို့ နောက်ပြီး ကျီစားလိုက် ကူညီလိုက် ဒုက္ခပေးလိုက်လုပ်နေကြ ဆက်ဆီမ Fujiko Mine တို့အပြင် နောက်ကနေ အမြဲလိုက်ဖမ်းနေကြ စုံထောက်ကြီး Zenigata တို့လည်း ဆက်လက်ပါဝင်ကြဦးမှာပါ။ ဒီ Lupin ရုပ်ရှင်အသစ်လေးကတော့ နောက်ဆုံးထွက်ရှိထားတာဖြစ်ပြီး ဒီဇာတ်လမ်းမှာတော့ သူတို့အားလုံးနောက်ကို လိုက်လံသတ်ဖြတ်နေကြတဲ့ လုပ်ကြံသူတွေကို စေလွှတ်နေတဲ့ နောက်ကွယ်က လက်မည်းကြီးကို Lupin တစ်ယောက် သိရှိလို့သွားပါပြီ။ အဲဒါကြောင့် အပေါင်းအပါတွေနဲ့အတူတူ ဘာမြူဒါပင်လယ်ထဲက မြေပုံပေါ်မှာတောင်မရှိပဲ ထူးဆန်းတဲ့ကျွန်းပေါ်မှာရှိတဲ့ ကြိုးကိုင်သူကို အပြီးတိုင် ချေမှုန်းဖို့ ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်းနားစကပ်ကတည်းက လျှို့ဝှက်ဆန်းကြယ် လုပ်ကြံသူတွေကြောင့် လေယာဉ်လည်းပျက်ကျ လူတွေလည်းကွဲပြီး ကျွန်းပေါ်က ထူးဆန်းတဲ့အရာတွေနဲ့ တွေ့ရှိကာ ဆက်ပြီး အသက်ရှင်နိုင်မှာလား နောက်ကကြိုးကိုင်နေသူက ဘယ်သူလဲ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရတာလဲ စသဖြင့် စိတ်ဝင်စားစရာတွေနဲ့ ဇာတ်လမ်းတည်ထားတာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း