ဇာတ်ကားများ ရွေးရန်

Housekeeper

2025ဇာတ်ကားအမှတ် 7.0/1089 မိနစ်

Housekeeper (2025) ဒီတစ်ခေါက်မှာတော့ Study Group ထဲက မင်းသမီး Yun Sang-Jeong, Pyramid Game ထဲက မင်းသမီး Kang Na-Eon, Love Next Door ထဲက မင်းသမီးကြီး Jang Young-Nam တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ပဟေဠိဆန်ဆန် ဇာတ်ကားသစ်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ဟန်ဆန်းမီ (Yun Sang-Jeong) နဲ့ ဟန်မီဂျင်း (Kang Na-Eon) တို့ဟာ ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာမှာ အတူ ကြီးပြင်းလာကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပါ။ လက်ရှိမှာတော့ သူနာပြုအလုပ်ကို လုပ်ကိုင်ရင်း တိုက်ခန်းလေးတစ်ခန်းမှာ အတူနေထိုင်နေကြတဲ့ ဆန်းမီနဲ့ မီဂျင်းတို့ဟာ အလုပ်ဒဏ်ကြောင့်ရော ညဘက် ဆူညံမှာစိုးတာကြောင့်ရော သန့်ရှင်းရေးလုပ်ဖို့ မလွယ်ကူတဲ့အတွက် အိမ်မှုကိစ္စတွေ လုပ်ပေးမဲ့ အိမ်အကူ ငှားဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ရိုးအေးပြီး လူယုံလွယ်တဲ့ ဆန်းမီက မျက်နှာပေါ်မှာ အမာရွတ်ကြီးရှိသလို စကားနည်းပြီး ခန့်မှန်းရခက်တဲ့ အိမ်အကူအဒေါ်ကြီး (Jang Young-Nam) အပေါ် စိတ်တိမ်းညွတ်စပြုလာတဲ့အခါမှာတော့... လျှို့ဝှက်ချက်တွေအပြည့်နဲ့ အိမ်အကူကြောင့် တစ်ယောက်ကိုတစ်ယောက် အားကိုးရာအဖြစ် ယူဆပြီး ရှင်သန်လာတဲ့ သူငယ်ချင်းနှစ်ဦးရဲ့ ဆက်ဆံရေးက ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုပေးကြပါဦး။ File Size : 500MB / 1.16GB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 29m Genre : Mystery, Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း