Tears of Faith
Tears of Faith (2025) // Air Mata Mualaf (2025) "မှောင်မိုက်နေတဲ့ ဘဝရဲ့ အောက်ဆုံးအခြေအနေကို ရောက်နေချိန်မှာ... မျှော်လင့်မထားတဲ့ အလင်းရောင်တစ်ခုက သင့်ကို လာကယ်တင်ခဲ့ရင်..." Indo Drama ကားကောင်းကောင်းလေးတွေ၊ မိသားစုအရေးနဲ့ ဘဝရဲ့ အချိုးအကွေ့တွေကို ထိထိမိမိ ရိုက်ပြထားတဲ့ ဇာတ်လမ်းမျိုး ကြိုက်တဲ့ ပရိသတ်ကြီးအတွက် Netflix ထွက် အသစ်စက်စက် အင်ဒိုနီးရှားကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းလေးကတော့ ဆစ်ဒနီမြိုမှာ နေထိုင်တဲ့ အန်ဂျီဆိုတဲ့ အမျိုးသမီးလေးကနေ စတင်ထားပါတယ်။ အန်ဂျီဟာ သူမရဲ့ချစ်သူ အီသန်ဆီကနေ အကြမ်းဖက်ရိုက်နှက်မှုတွေကို အမြဲခံစားနေရပြီး ဘဝမှာ စိတ်ပျက်အားငယ်မှုတွေ၊ နာကျင်မှုတွေနဲ့ချည်း လုံးပန်းနေရသူပေါ့။ တစ်နေ့မှာတော့ အရက်မူးပြီး ဒဏ်ရာတွေနဲ့ ဗလီတစ်ခုရှေ့မှာ လဲကျနေတဲ့ အန်ဂျီကို ဗလီစောင့်တဲ့ ကောင်မလေး ဖာတီမာက တွေ့သွားပြီး ကယ်တင်ပေးခဲ့ပါတယ်။ ဖာတီမာရဲ့ ကြင်နာမှုတွေ၊ နွေးထွေးမှုတွေအပြင် သူမ ကြားလိုက်ရတဲ့ ဘာသာရေးစာသားတွေက အန်ဂျီရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ နှလုံးသားကို ရုတ်တရက် ငြိမ်းချမ်းသွားစေခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကနေတစ်ဆင့် သူ့ဘဝရဲ့ အကြီးမားဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်တဲ့ ဘာသာကူးပြောင်းဖို တွန်းအားဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီမှာတင် ပြီးမသွားပါဘူး။ သူမရဲ့ ဆုံးဖြတ်ချက်ကို မိသားစုကိုပြောပြဖို ဂျကာတာကို ပြန်လာတဲ့အခါမှာတော့... မိဘနဲ့ မိသားစုရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုတွေ၊ အိမ်ပေါ်ကနေ နှင်ချစွန့်ပစ်ခံရမှုတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကို အကြီးအကျယ် ရင်ဆိုင်လာရပါတော့တယ်။ ဒဏ်ရာတွေနဲ့ မိန်းကလေးတစ်ယောက် အမှောင်ထဲကနေ အလင်းရောင်ကို ရှာတွေ့သွားတဲ့အခါ သူမရဲ့ ယုံကြည်ချက်ကို ဘယ်လို ဆက်လက်ဆုပ်ကိုင်မလဲ... အချစ်၊ မိသားစု သံယောဇဉ်နဲ့ ကိုယ်ယုံကြည်ရာ လမ်းကြောင်းတစ်ခုကို ရွေးချယ်တဲ့အခါ ပေးဆပ်ရတဲ့ နာကျင်မှုတွေကို သရုပ်ဆောင်တွေက အပီပြင်ဆုံး တင်ဆက်ထားလို မျက်ရည်ဝဲရင်း စိတ်အေးလက်အေး ကြည့်ရမယ့် မိသားစု Drama ကားကောင်းလေးတစ်ကားဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါရစေ။ File size…1.69GB / 864MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 51m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း