ဇာတ်ကားများ ရွေးရန်

Landmine Goes Click

2015ဇာတ်ကားအမှတ် 5.6/10110 မိနစ်

Landmine Goes Click (2015) IMDb Rating (5.8) / Rotten Tomatoes (50%) ခရစ်စ်၊ အလီရှာနဲ့ ဒင်နီယယ်တို့ဟာ ဂျော်ဂျီယာတောင်တန်းတွေပေါ်မှာလမ်းလျှောက်ခရီးထွက်ရင်းလမ်းမှားခဲ့ကြပါတယ်။ တစ်နေရာမှာတော့ ခရစ်စ်ဟာ မြေမြှုပ်မိုင်းအဟောင်းတစ်ခုကို မတော်တဆနင်းမိခဲ့ပါတယ်။ခြေထောက်ကြွလိုက်တာနဲ့ပေါက်ကွဲတော့မယ့် အခြေအနေမှာ သူငယ်ချင်းဖြစ်သူ ဒင်နီယယ်က အကူအညီရှာဖို့ထွက်သွားခဲ့ပေမယ့် အတော်ကြာကြာ ပြန်မလာနိုင်သေးတဲ့အခါ..။ အလီရှာနဲ့ ခရစ်စ်တို့ဟာ ဒီဒုက္ခကနေ လွတ်မြောက်ဖို့သူတို့နည်း သူတို့ဟန်နဲ့ကြိုးစားနေကြဆဲ အီလီယာဆိုတဲ့ ဒေသခံမုဆိုးတစ်ယောက်ရောက်ရှိလာလို့ အားကိုးတကြီးအကူအညီတောင်းခဲ့ပေမယ့် အဲ့ဒီ အီလီယာဟာ သူတို့ကြုံတွေ့နေရတဲ့ အန္တရာယ်ထက် ဆယ်ဆဆိုးနေတာကိုသိလိုက်ရချိန်မှာတော့..။ ဇာတ်လမ်းက လှည့်ကွက်တွေအပြည့်နဲ့ဖြစ်ပြီး ဇာတ်ရှိန်မြင့်နေပြီလို့ထင်နေရတဲ့အချိန်တွေမှာ နောက်တစ်ကွေ့ကိုချိုးချိုးချသွားတာ အတော်စားပါတယ်။ အက်ရှင်တွေ၊ လိုက်တမ်း ပြေးတမ်းတွေ၊ ခန္ဓာကိုယ်ကိုညှင်းပန်းနှိပ်စက်မှုတွေထက်စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းမှုတွေကိုအသားပေးထားပြီး ကြည့်ရတာ စိတ်မသက်မသာဖြစ်ရတဲ့ ကားအဖြစ် နာမည်ကြီးပါတယ်။ ဘတ်ဂျက် နည်းနည်းနဲ့ရိုက်ထားတဲ့ Independent ရုပ်ရှင်ဖြစ်ပေမယ့် သရုပ်ဆောင်တွေနဲ့အပေးအယူမျှမှု ဒါရိုက်တာရဲ့ပါးနပ်တဲ့ဇာတ်ရှိန်မြှင့်တင်မှုတွေကြောင့် Horror/Thriller ပရိသတ်တွေကြားမှာ Cult Classic တစ်ခုလိုဖြစ်လာတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ (ဒီဇာတ်ကားထဲက ဗီလိန်ဟာ Game of Thrones ထဲက ဂျော့ဖရေးလောက်နီးပါးကို တန်းတူရွံစရာ စက်ဆုပ်စရာကောင်းရုံတင်မကပဲ လက်ရှိပတ်ဝန်းကျင်မှာဆက်ဆံနေရတဲ့ လူတစ်ချို့ကိုပါ သတိရပြီး အရေခွံစုတ်ချင်လာလောက်အောင် အသည်းယားစရာကောင်းပါတယ်) File size… (1.4 GB) / (960 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Crime,Drama,Thriller Duration…. 01:40:02 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း