ဇာတ်ကားများ ရွေးရန်

Road Movie

2002ဇာတ်ကားအမှတ် 5.8/10114 မိနစ်

ဒယ်ရှစ်ဟာ သူ့အတိတ်ကို ဖုံးကွယ်ထားပြီး လမ်းပေါ်မှာပဲ ရှင်သန်နေထိုင်နေသူပါ။ အပြင်ပန်းမှာ ခက်ထန်ပုံပေါ်ပေမယ့် တစ်ခါတလေ ဝမ်းနည်းအထီးကျန်နေတဲ့ပုံကိုလည်း မြင်ရတတ်တယ်။ တစ်နေ့မှာ လမ်းပေါ် အရက်မူးလဲနေတဲ့ ဆော့ဝန်ကို တွေ့တော့ အစက လှည့်ထွက်သွားဖို့ လုပ်ခဲ့ပေမယ့် နောက်ဆုံးမှာ ကိုယ်နေတဲ့နေရာကို ခေါ်လာခဲ့ပါတယ်။ နောက်တစ်ကြိမ် မချစ်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ ဒယ်ရှစ်မှာ ချစ်စိတ်ပြန်ပေါ်လာတော့တယ်။ ဆော့ဝန်က စီးပွားပျက်ပြီး ဇနီးရဲ့ စွန့်ပစ်မှုကိုပါ ခံထားရသူပါ။ စိတ်ဓာတ်ကျနေပြီး ကိုယ့်အသက်ကိုယ် အဆုံးစီရင်ဖို့ မကြာခဏ ကြိုးစားနေပါတယ်။ ဒယ်ရှစ်နဲ့ တွေ့ပြီးနောက်မှာတော့ ငြီးငွေ့နေတဲ့ လူ့အဖွဲ့အစည်းထဲက ရုန်းထွက်ပြီး ဒယ်ရှစ်နဲ့အတူ ခြေဦးတည့်ရာ ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ၂၀၀၂ ခုနှစ်ထွက် အရွယ်ရောက်သူများအတွက် BL အချစ်ဒရာမာကားဖြစ်ပြီး Hwang Jung-min၊ Jung Chan နဲ့ Seo Lin တို့ အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း