Before the Rain
Before the Rain (1994) IMDb Rating (7.8) / Rotten Tomatoes (92%) မက်ဆီဒိုးနီးယားနိုင်ငံရဲ့ ရုပ်ရှင်သမိုင်းမှာ အထွတ်အထိပ် ရောက်ခဲ့တဲ့ လက်ရာတစ်ခုဖြစ်ပြီး ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ အမြင့်ဆုံးဆုဖြစ်တဲ့ Golden Lion ကို ဆွတ်ခူးခဲ့သလို အော်စကာဆု လျာထားခြင်းလည်း ခံခဲ့ရတဲ့ ဂန္ထဝင်မြောက် ဇာတ်ကားကြီး ဖြစ်ပါတယ်။ Pulp Fiction လိုမျိုး ဇာတ်လမ်းတွေ အပြန်အလှန် ချိတ်ဆက်နေတဲ့ ပုံစံမျိုးကို ကြိုက်နှစ်သက်သူတွေအတွက်လူမျိုးရေး ပဋိပက္ခဆန်ဆန် အနုပညာမြောက် စစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို "Words"၊ "Faces" နဲ့ "Pictures" ဆိုပြီး အပိုင်း ၃ ပိုင်းနဲ့ခွဲထားပါတယ်။ ဇာတ်လမ်းက စက်ဝိုင်းပုံစံ လည်ပတ်နေတာဖြစ်ပြီး ဥရောပတိုက် ဘော်လ်ကန်ဒေသ မှာရှိတဲ့ ဘာသာရေးနဲ့လူမျိုးရေး ပဋိပက္ခတွေကို ထိထိမိမိ ပုံဖော်ထားတာပါ။ ပထမပိုင်း: ဘုန်းကြီးကျောင်းတစ်ခုမှာ စကားမပြောဘဲ နေထိုင်တဲ့ ဘုန်းကြီးငယ်လေးတစ်ပါးဟာ အသတ်ခံရတော့မယ့် အယ်လ်ဘေးနီးယား မိန်းကလေးတစ်ဦးကို ကာကွယ်ပေးရာကနေ စတင်ပါတယ်။ ဒုတိယပိုင်း: လန်ဒန်မြို့မှာ နေထိုင်တဲ့ သတင်းဓာတ်ပုံဆရာ Aleksandar ဟာ စစ်ပွဲတွေရဲ့ ရက်စက်မှုကို ငြီးငွေ့ပြီး သူ့ရဲ့ ဇာတိမြေ မက်ဆီဒိုးနီးယားကို ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တတိယပိုင်း: Aleksandar တစ်ယောက် ဇာတိရွာကို ပြန်ရောက်တဲ့အခါမှာတော့ သူ့ငယ်သူငယ်ချင်းတွေ၊ ဆွေမျိုးတွေဟာ လူမျိုးရေးအမုန်းတရားတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ဖို့ အသင့်ဖြစ်နေကြတာကို တွေ့ရပါတယ်။ ဒီသုံးပိုင်းစလုံးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး "စစ်ပွဲဆိုတာ အနိုင်ရသူမရှိဘဲ အားလုံးရှုံးနိမ့်ကြတာပဲ" ဆိုတဲ့ အဓိပ္ပာယ်ကို အနုပညာဆန်ဆန်ဖော်ပြထားတဲ့ ဇာတ်ကားပါ။ File size… (2 GB) / (1.3 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,War Duration…. 01:53:14 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း