Bury 'Em Deep
Bury 'Em Deep (2025) +++++++++++ ဒီရုပ်ရှင်ဟာ အနောက်တိုင်းမြင်းစီးကား (Western) အငွေ့အသက်တွေကို ခံစားချင်သူတွေအတွက် လက်စားချေခန်းတွေနဲ့ ပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်.... လင့်မက်ဒေါ့ဟာ နာမည်ကျော် သေနတ်သမားတစ်ဦးပါ။ ဒါပေမဲ့ သူဖြတ်သန်းခဲ့တဲ့ သွေးစွန်းခဲ့တဲ့ အတိတ်တွေ၊ သတ်ခဲ့တဲ့ လူတွေကြောင့် သူ့မှာ ညတိုင်း အိပ်မက်ဆိုးတွေ ခြောက်လှန့်ခံနေရပါတယ်။ ဒီအပြစ်တွေကနေ လွတ်မြောက်ဖိုအတွက် သူအရင်က ဝှက်ထားခဲ့တဲ့ ရွှေတွေကို ပြန်တူးပြီး မိဘမဲ့ဂေဟာတစ်ခုကို လှူဒါန်းဖို ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ "လောဘ" ရှေ့တန်းတင်တဲ့ လောကကြီးမှာ သူ့အကြံအစည်က ချောမွေ့မနေပါဘူး။ ရွှေတွေကို သွားတူးတဲ့လမ်းမှာတင် လူရမ်းကားတစ်စုရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံရပြီး ရွှေတွေလည်း အလုခံရ၊ သူကိုယ်တိုင်လည်း သေလုမျောပါး ဒဏ်ရာတွေနဲ့ တောထဲမှာ ပစ်ထားခြင်း ခံလိုက်ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ လူမသိသူမသိ အခြေအနေကနေ ပြန်လည်သက်သာလာတဲ့အခါမှာတော့ မက်ဒေါ့ တစ်ယောက် နောင်တတရားတွေကို ခေတ္တဘေးဖယ်ပြီး သူ့ရဲ့သေနတ်ကို ပြန်ကိုင်လိုက်ပါတော့တယ်။ သူလိုချင်တာက ရွှေတင်မဟုတ်ဘဲ သူ့ကို သစ္စာဖောက်ခဲ့သူတွေကို မြေမြှုပ်ပစ်ဖိုပါ....... File Size… (1.46GB) / (720MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 31m Genre ….Drama , Western Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း