ဇာတ်ကားများ ရွေးရန်

Down River

2025ဇာတ်ကားအမှတ် 7.0/10

Down River (2025) ++++++++++ ဒီဇာတ်ကားဟာ West Virginia ရဲ့ ကျောက်မီးသွေးတွင်း တောင်တန်းဒေသတွေကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ Southern Gothic ပုံစံ Psychological Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းက မြို့ငယ်လေးတစ်မြို့ရဲ့ ရဲအရာရှိ ရော်ဂျာ နဲ့ သူ့ သူ့ငယ်ချင်း ဒုရဲအုပ် တို့ နှစ်ယောက်၊ တောင်ပေါ်တောနက်ထဲက စွန့်ပစ်ထားတဲ့ လယ်တောအိမ်ဟောင်းတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတစ်ခုကို သွားရောက်စုံစမ်းရာကနေ စတင်ပါတယ်။ အဲဒီအိမ်ဟောင်းမှာ သူတို့ စုံစမ်းစစ်ဆေးမှုတွေ နက်နက်ရှိုင်းရှိုင်း လုပ်လေလေ၊ နှစ်ပေါင်းများစွာ မြှုပ်နှံထားတဲ့ မြို့ကလေးရဲ့ လျှို့ဝှက်ချက် အမှောင်ထုတွေနဲ့ မမျှော်လင့်ထားတဲ့ သဲလွန်စတွေ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာလေလေပါပဲ။ အဲဒီလျှို့ဝှက်ချက်တွေက မြို့သူမြို့သားတွေရဲ့ အေးချမ်းမှုကို ခြိမ်းခြောက်လာရုံသာမက၊ ရဲမှူး‌ေရာ်ဂျာကိုပါ အကြီးအမားဆုံး ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်စေခဲ့ပြီး သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု ကိုပါ တဖြည်းဖြည်း တိုက်စားလာခဲ့တာကြောင့် သူကိုယ်တိုင်လည်း လက်တွေ့နဲ့ စိတ်ကူးယဉ်ကြားမှာ ဝေခွဲမရအောင် ရုန်းကန်ရတဲ့အထိ ဖြစ်လာပါတယ်။ ရဲမှူး ရော်ဂျာတစ်ယောက်ဘာတွေဆုံးရှုံးခဲ့ရတာလဲ၊ ဘယ်လို အန္တရာယ်တွေကို ဆက်လက်ရင်ဆိုင်ရမှာလဲ... ရှုပ်ထွေးမှုတွေကိုရော ဖြေရှင်းနိုင်သွားမှာလားဆိုတာကို ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size… (1.33GB) / (696MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 35m Genre ….Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း