ဇာတ်ကားများ ရွေးရန်

Ninja Wars - Black Fox vs Shogun's Ninja

2026ဇာတ်ကား

Ninja Wars - Black Fox vs Shogun's Ninja (2026) ဒီနေ့တော့ ၂၀၂၆ ခုနှစ်မှာ အသစ်ထွက်ထားတဲ့ အက်ရှင် ဇာတ်ကားမိုက်မိုက်လေး တစ်ကားတင်ပေးထားပါတယ်။ ဇာတ်ကားနာမည်ကတော့ Ninja Wars: Blackfox vs Shogun's Ninja ပါ။ ဒီကားက အရင်ထွက်ထားတဲ့ Blackfox: Age of the Ninja နဲ့ Shogun's Ninja ဇာတ်ကားနှစ်ကားကို ပေါင်းပြီး ရိုက်ကူးထားတဲ့ စကြဝဠာတစ်ခုတည်း (Crossover) ကားမျိုးပါ။ ဒီကားကို နာမည်ကြီး ဒါရိုက်တာ Koichi Sakamoto က ရိုက်ကူးထားတာဖြစ်ပြီးတော့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Chihiro Yamamoto, Kanon Miyahara, Kane Kosugi နဲ့ ဝါရင့် အက်ရှင်မင်းသားကြီး Yasuaki Kurata တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတယ်ကွာ။ ဇာတ်လမ်းအကျဉ်း မြေခွေးဂိုဏ်း (Fox Clan) ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ရစ်ကာအီဆူရူဂီ က ရှိုးဂန်းအစိုးရကို ပုန်ကန်ဖို့ ကြံစည်နေတဲ့ White Lotus လို့ခေါ်တဲ့ လျှို့ဝှက်ဂိုဏ်းတစ်ခုအကြောင်းကို စုံစမ်းနေခဲ့တယ်။ အဲဒီလို စုံစမ်းနေရင်းနဲ့ ရှိုးဂန်းက စေလွှတ်လိုက်တဲ့ ဖူမာ (Fuma) နင်ဂျာမလေး အိုကျို နဲ့ သွားဆုံကြရော။ အစပိုင်းမှာ သူတို့နှစ်ယောက်က လမ်းကြောင်းမတူပေမယ့် နောက်ပိုင်းမှာ တိုကူဂါဝါ မိသားစုအပေါ် နက်နက်ရှိုင်းရှိုင်း ကလဲ့စားချေဖို့ ကြိုးစားနေတဲ့ ဟတ်တိုရီဟန်ဇို ဦးဆောင်တဲ့ အီဂါ (Iga) နင်ဂျာအဖွဲ့ကြီးနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ တူညီတဲ့ရန်သူကို တိုက်ခိုက်ဖို့ ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ မြေခွေးကလန်၊ ဖူမာ နင်ဂျာ နဲ့ အီဂါ နင်ဂျာ ဆိုပြီး အဖွဲ့သုံးဖွဲ့ကြားက အကြိတ်အနယ် တိုက်ခိုက်ကြတဲ့ သုံးပွင့်ဆိုင် နင်ဂျာစစ်ပွဲကြီး အကြောင်းကို အမိုက်စား အက်ရှင်ကွက်တွေနဲ့ ကြည့်ရမယ့် ကားမျိုးပါပဲ။ နင်ဂျာကားတွေ၊ ကိုယ်ခံပညာ သိုင်းကားတွေကို ကြိုက်တတ်တဲ့သူတွေဆိုရင်တော့ အက်ရှင်ခန်းတွေ တဝကြီးကြည့်ရမှာမလို့ လက်မလွတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်မှာ သေချာတယ်နော်။ File size… (1.5 GB) / (960 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,History Duration…. 01:40:33 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း