Bahay-bahayan
Bahay-bahayan (2026) “အမေဆိုတာ ဖုန်းစခရင်မ်ပေါ်က ပုံရိပ်တစ်ခု၊ လစဉ်လတိုင်း လွှဲလာတဲ့ ငွေစာရင်းတစ်ခု သက်သက်ပဲလား..." ဆိုတဲ့ အဝေးရောက် မိသားစုတွေရဲ့ လက်တွေ့ဘဝကို ထင်ဟပ်စေမဲ့ ဇာတ်ကားကောင်းလေး မိဘမေတ္တာဖွဲ့ Family Drama ကောင်းကောင်းလေးတွေမှ မျက်ရည်ခံယူပြီး ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် Pinoy ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးကတော့ မိခင်နဲ့ သမီးကြားက ပြတ်တောက်နေတဲ့ သံယောဇဉ်ကြိုးလေးကို ဘယ်လို ပြန်ဆက်မလဲဆိုတာကို ရင်နင့်ဖွယ် ပုံဖော်ထားတဲ့ Heavy Drama ကားလေးပါ။ ဒီကားမှာဆိုရင် ဖိလစ်ပိုင်ရုပ်ရှင်လောကရဲ့ Optimum Star လို့ တင်စားခံရတဲ့ ဝါရင့်မင်းသမီးကြီး Claudine Barretto နဲ့ လက်ရှိမှာ The Nation's Mutya လို့ နာမည်ကြီးနေတဲ့ မင်းသမီးချောလေး Ashtine Olviga တို့က အမိနဲ့ သမီးအဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းလေးကတော့…. ဂျိုအန်နာဆိုတာ အသက် ၂၀ ကျော်အရွယ် ဖိလစ်ပိုင်မိန်းကလေးတစ်ယောက်ပါ။ သူ့အမေဖြစ်သူက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတဲ့ OFW (Overseas Filipino Worker) တစ်ယောက်ဖြစ်တဲ့အတွက် ငယ်ငယ်လေးကတည်းက အမေနဲ့ အဝေးမှာ ကြီးပြင်းခဲ့ရပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ သွေးသားတော်စပ်ပေမဲ့ အမေဖြစ်သူနဲ့ ဂျိုအန်နာတို့ကြားက ဆက်ဆံရေးဟာ လုံးဝကို မရှိသလောက် ပြတ်တောက်သွားခဲ့ရပြီးအမေ့ဘက်ကအဘွားနဲ့သာ ကြီးပြင်းလာခဲ့ရတာပေါ့။ ဒါပေမဲ့ အဘွားလေဖြတ်သွားချိန် အမေ့ကို ဖိလစ်ပိုင်ပြန်လာဖို့ ဆက်သွယ်တော့ နှစ်ပတ်အကြာ နာရေးအပြီးမှ ရောက်လာတဲ့အတွက် ဂျိုအန်နာတစ်ယောက် သူ့အမေကို ဘယ်လိုမှ မစာနာပေး မတွေးပေးနိုင်တော့ဘဲ ပေါက်ကွဲပါတော့တယ်။ ငွေရှာဖို့အတွက် သားသမီးကို ထားခဲ့ရတဲ့ အမေတစ်ယောက်ရဲ့ နာကျင်မှုနဲ့... အမေ့မေတ္တာ ငတ်မွတ်ခဲ့ရတဲ့ သမီးတစ်ယောက်ရဲ့ ခံစားချက်တွေ ထိပ်တိုက်တွေ့တဲ့အခါ... သူ့အနေနဲ့ အတိတ်က နာကျင်မှုတွေကို ခွင့်လွှတ်ပြီး ရှေ့ဆက်မလားဆိုတာကိုတော့... File size…1.46GB / 867MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 00m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း