ဇာတ်ကားများ ရွေးရန်

Gipsy Queen

2019ဇာတ်ကားအမှတ် 7.1/10117 မိနစ်

Gipsy Queen (2019) IMDb Rating (6.6) အလီဟာ ရိုမေးနီးယားနွယ်ဖွား ဂျစ်ပစီ(Roma) အမျိုးသမီးတစ်ယောက်ပါ။ သူဟာ ဖခင်ဖြစ်သူရဲ့စွန့်ပစ်မှုကိုခံရပြီးတဲ့နောက် ကလေးနှစ်ယောက်နဲ့အတူ ဟမ်းဘတ်မြို့ကိုပြောင်းရွှေ့အခြေချခဲ့ပါတယ်။ အလီဟာဂျစ်ပစီတစ်ယောက်ဖြစ်လို့ ခွဲခြားဆက်ဆံမှုတွေကြုံရသလို၊ နေစရာလေးတစ်ခုရဖို့၊ ကလေးတွေကိုကျွေးမွေးစောင့်ရှောက်ဖို့အောက်ခြေသိမ်းအလုပ်တွေကို ပင်ပန်းကြီးစွာလုပ်ကိုင်ရပါတယ်။သူဟာ အတိတ်တုန်းက ရိုမေးနီးယားမှာနာမည်ကျော်လက်ဝှေ့မယ်တစ်ယောက်ဖြစ်ခဲ့ဖူးပြီး လက်ရှိဘ၀အခြေအနေအရ လက်ဝှေ့အိတ်ကိုစွန့်လွှတ်ထားရတာပါ။ နောက်ဆုံးတော့ သူ့မိသားစုကို ကယ်တင်ဖို့ ရေကုန်ရေခန်းကြိုးစားရင်းနဲ့ Ritze ဆိုတဲ့ လက်ဝှေ့ကလပ်တစ်ခုမှာကြိုးဝိုင်းထဲပြန်ဝင်ဖို့ အခွင့်အရေးရလာချိန်မှာတော့..။ အလီအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Alina Șerban ဟာ တကယ့်ဘ၀မှာလည်း ရိုမေးနီးယားနွယ်ဖွားဂျစ်ပစီတစ်ယောက်ဖြစ်တာကြောင့် သူ့သရုပ်ဆောင်မှုတွေက ဇာတ်ကောင်စရိုက်နဲ့တစ်သားတည်းကျနေပါတယ်။ ဒီဇာတ်ရုပ်အတွက် လက်ဝှေ့လေ့ကျင့်ခန်းတွေအပြင်းအထန်ပြုလုပ်ခဲ့ရပြီး ကြိုးစားမှုနဲ့ထိုက်တန်စွာပဲ German Actors Award (2020) မှာအကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေနဲ့ ပရိသတ်တွေက ဒီဇာတ်ကားကိုRocky အမျိုးသမီး ဗားရှင်းလို့ တင်စားကြပြီး ဇာတ်လမ်းရဲ့အဆုံးသတ်ပိုင်းက Single-take နဲ့ရိုက်ထားတဲ့ ထိုးသတ်ပွဲဇာတ်ဝင်ခန်းကတကယ့်ကိုအသိအမှတ်ပြု ချီးကျူးရမယ့် အားထုတ်မှုတစ်ခုပါပဲ။ File size… (1.8 GB) / (1.1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:53:58 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း