ဇာတ်ကားများ ရွေးရန်

Murder in Nashville

2025ဇာတ်ကား87 မိနစ်

Murder in Nashville (2025) နတ်ရှ်ဗီးဆိုတဲ့မြို့လေးကို အလုပ်သစ်တခုနဲ့ ပြောင်းရွှေ့လာတဲ့ အီဒန်ပယ်ရီ။ အီဒန်ဟာ နတ်ရှ်ဗီးရဲ့ နာမည်ကြီး ဂီတလုပ်ငန်းရှင်စုတခုမှာ အလုပ်ဝင်ရင်း အဲဒီမိသားစုရဲ့ သားဖြစ်သူ ဂျက်နဲ့ ချစ်ကြိုက်မိသွားပါတယ်။ အစပိုင်းမှာတော့ အားလုံးက ပန်းခင်းလမ်းလို သာယာနေပေမဲ့ မကြာခင်မှာပဲ မြို့ထဲက အမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက် အသ-တ်ခံရတာတွေ ဖြစ်လာပါတယ်။ အီဒန်ကိုယ်တိုင်လည်း ညဘက် သူ့ကိုဖုန်းဆက်တဲ့ အသိအဆိုတော်တယောက်ဆီကို သွားရင်း လုပ်ကြံခံရမှုကနေ သီသီလေး လွတ်မြောက်ခဲ့ပြီးနောက်မှာတော့ သူချစ်ရတဲ့ဂျက်နဲ့ သူ့မိသားစုနောက်ကွယ်က လျှို့ဝှက်ချက်တွေကို စတင်တွေ့ရှိသတိထားမိလာရပါတယ်။ လူသ-တ်မှုတွေဖြစ်နေရတာက ဘာကြောင့်လဲ၊ တရားခံက ဘယ်သူလဲ၊ ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ စိတ်လှုပ်ရှားဖွယ်မြင်ကြရမှာပါ။​ File size… 1.1 GB / 500 MB Quality…1080p HEVC/ 720p Format…mkv/ mp4 Duration….1h 27 min Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း